မြန်မာ့ကြက်တောင်မယ်သူလေးတစ်ဦးဖြစ်တဲ့ သက်ထားသူဇာ ကတော့ ပရိသတ်တွေလည်း သိပြီးသား ဖြစ်မှာပါ။ သူမကတော့ နိုင်ငံရပ်ခြားမှာသွားရောက်ယှဉ်ပြိုင် ကစားရာမှာတော့ ပွဲတိုင်းလိုလို အောင်ပွဲတွေရရှိထားပြီး နိုင်ငံဂုဏ်ဆောင်သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ မလေးရှားနိုင်ငံမှာသွားရောက်ပြီး လေ့ကျင့်မှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit - That Htar ThuZar's Facebook
Photo Credit - That Htar ThuZar's Facebook

ယခုမှာဆိုရင်လည်း မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ HSBC BWF World Tour Super 500 ပြိုင်ပွဲကို Thet Htar Thuzar ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ တကယ့် ကြက်တောင်ထိပ်သီးတွေပါဝင်တဲ့ ပြိုင်ပွဲကို အတွေ့အကြုံကောင်းတွေရရှိဖို့နဲ့ Tokyo Olympics 2020 အတွက် အမှတ်တွေ စုဆောင်းတဲ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Photo Credit - That Htar ThuZar's Facebook
Photo Credit - That Htar ThuZar's Facebook

ဒါ့အပြင် ကြက်တောင် အကျော်အမော်တွေနဲ့ အမှတ်တရဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။ပရိသတ်ကြီးကလည်း မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်သူလေး သက်ထားသူဇာ ကို ဂုဏ်ပြုစကားလေးပြောလိုက်ပါဦး။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ နိုင်ငံအသီးသီးက ကြက်တောင်အကျော်အမော်တွေနဲ့ အမှတ်တရရိုက်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - That Htar ThuZar's Facebook
Photo Credit - That Htar ThuZar's Facebook

Photo Credit - That Htar ThuZar's Facebook

Source - That Htar ThuZar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။