ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ စိုးမြတ်သူဇာကတော့ တစ်ခေတ်ကတည်းက အောင်မြင်မှုတွေကိုရရှိခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ။ယနေ့ခေတ်မှာလည်း စိုးမြတ်သူဇာဆိုတဲ့ နာမည်ကကျသွားခြင်းမရှိဘဲ ပရိသတ်ရင်ထဲကိုစိုးမိုးထားနိုင်ဆဲပါနော်။လက်ရှိမှာလည်း စိုးမြတ်သူဇာက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
စိုးမြတ်သူဇာက သူမရဲ့မိသားစုထဲမှာ အကြီးဆုံးသမီးတစ်ယောက်ဖြစ်လို့ မိဘနှစ်ပါးနဲ့မောင်နှမတွေအပေါ်မှာလိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတဲ့ အစ်မကြီးတစ်ယောက်ပါနော်။မကြီးစိုးက စိတ်သဘောထားလည်းပြည့်ဝပြီး ရိုးရှင်းပွင့်လင်းတဲ့သူဖြစ်လို့လည်းသူမကို လူတိုင်းက ချစ်ကြခင်ကြပါတယ်နော်။
အခုဆိုရင်တော့ မကြီးစိုးက အမေများနေ့မှာ သူမရဲ့မိခင်အတွက် စိန်နန်းတော်က တန်ဖိုးကြီးနားကပ်လေးကို သူမကိုယ်တိုင်ရွေးချယ်ဝယ်ယူပြီး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။စိုးမြတ်သူဇာရဲ့မိခင်ကတော့"အမေများနေ့အတွက်သမီးကြီးက မေမေအတွက်ပေးတဲ့လက်ဆောင်မေမေချစ်တဲ့သမီးကြီးရေကျေးဇူးပါ"ဆိုပြီး သူအရဲ့အပျော်လေးကို ပရိသတ်တွေအတွက်မျှဝေပေးခဲ့တာဖြစ်ပါတယ်နော်။
Photo Credit:Soe Kyi Phyu's Facebook
Source:Soe Kyi Phyu's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။