ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေးနန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကိုရပ်နားလိုက်ပေမယ့်လည်း ပရိသတ်ရဲ့အချစ်‌တွေကို ယနေ့ထိတိုင် ရရှိနေဆဲဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးကလည်း အရမ်းသာယာနွေးထွေးပြီး သမီးလေးသုံးယောက်လည်းရှိတာကြောင့် သူမရဲ့အိမ်လေးကစိုစိုပြေပြေနဲ့ပျော်ရွှင်စရာလေးပါနော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်တို့မိသားစုဟာဆိုရင် သိန်းပေါင်းများစွာကိုမကြာခဏလှူဒါန်းနေကြတာဖြစ်လို့ အလှူရေစက်လက်နဲ့မကွာပါဘူးနော်။နန္ဒာလှိုင်ကလည်း မကြာသေးခင်ရက်ပိုင်းမှာ နိုင်ငံတော်ကပေးအပ်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ ကို ချီးမြှင့်ခံရတာဖြစ်လို့ သူမကိုချစ်တဲ့ပရိသတ်တွေကလည်း နန္ဒာလှိုင်နဲ့ထပ်တူဝမ်းသာပေးပြီး ပီတိဖြစ်နေကြတာဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

လက်တလောမှာဆိုရင်တော့ နန္ဒာလှိုင်က သူမငယ်စဉ်ကတက်ခဲ့တဲ့ကျောင်းတော်ကြီးရဲ့အာစရိယပူဇော်ပွဲကို ချစ်ခင်ပွန်းနဲ့အတူရောက်ရှိနေတာဖြစ်ပါတယ်။နန္ဒာလှိုင်က ငယ်သူငယ်ချင်းတွေနဲ့လည်း ပြန်လည်တွေ့ဆုံရလို့အရမ်းပျော်ရွှင်နေတာပါ။ချစ်ခင်ပွန်းဦးဇေသီဟကတော့ မုန့်ဟင်းခါးဟင်းရည်အိုးနားက မခွာတဲ့ ချစ်ဇနီးချောလေးကို စနောက်ကျီစယ်ပြီးဓာတ်ပုံခိုးရိုက်ထားတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook

Photo Credit:Zay Thiha's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။