ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး မြတ်ရတနာကျော်ကတော့ ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေနဲ့ မျက်နှာလေးကလည်း အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ တစ်ချိန်က သီချင်းဗီဒီယိုတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မြတ်ရတနာကျော်က ပရိသတ်တွေရဲ့အသည်းကို ခြွေယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြတ်ရတနာကျော်က အဆိုတော်အာဘွိုင်းနဲ့ထိမ်းမြားလက်ထပ်ပြီး နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ထောင်ခဲ့ပါတယ်။

Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB

အိမ်ထောင်ကျပြီးနောက်ပိုင်းကတည်းက အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ မြတ်ရတနာကျော်က Photo Shooting လေးတွေသာရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မြတ်ရတနာကျော်က ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ကလေးမေမေပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက်မိခင်ဖြစ်သွားတဲ့ မြတ်ရတနာကျော်က အရင်တုန်းကထက်တောင် ပိုတိုးပြီးလှလို့လာတာ ဖြစ်ပါတယ်။

Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB

အခုလည်း မြတ်ရတနာကျော်က အစိမ်းရင့်ရောင်မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိစွာလှနေတဲ့ ပုံလေးတွေကို မျှဝေပေးထားပါတယ်။ ပျိုမျစ်နုနယ်ပြီး အရွယ်တင်နေတဲ့ မြတ်ရတနာကျော်ကတော့ တစ်သားမွေးတစ်သွေးလှလို့တောင် ဆိုနိုင်တာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မြတ်ရတနာကျော်ရဲ့ မြန်မာဆန်ဆန် အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Myat Yadanar Kyaw's FB

Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။