အသက် ၉၀ အောက်ဘိုးဘွားများအတွက် သတင်းကောင်း

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ ့ ပြောကြားချက်အရ လာမယ့်

၂ နှစ်အတွင်း အသက် ၉၀ အောက်ဘိုးဘွားများကို လူမှုရေး ပင်စင် ထောက်ပံ့ကြေးပေးတော့မှာဖြစ်ပါတယ်။ ဝန်ကြီးက “လက်ရှိမှာ သူတို ့အတွက် တိုးပေး

နိုင်သလားဆိုပြီးကြည့်တော့ လာမယ့် ၂ နှစ်အတွင်းမှာ တိုးပေးနိုင်တဲ့ အနေအထားဖြစ်လာတယ်။ ဘတ်ဂျက်ကလည်း အဆင်ပြေတယ်” လို ့ပြောပါတယ်။

ဝန်ကြီးဌာန အနေနဲ ့လက်ရှိမှာတော့ အသက် ၉၀ အထက် ဘိုးဘွားများအား ပင်စင်ထောက်ပံ့ကြေးပေးနိုင်ရန်အတွက် လုပ်ဆောင်နေရင်း အသက်

၉ဝအောက်ဘိုးဘွားမည်မျှရှိလဲဆိုတာကို စစ်တမ်းကောက်နေပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၉၀ အောက်ဘိုးဘွား

၂ ဒသမ ၈ သန်းရှိကြောင်းသိရှိရပါတယ်။

အသက် ၉၀ အထက် ဘိုးဘွားများအတွက် ပင်စင်ထောက်ပံ့ကြေးကို ယခုနှစ် ဇွန်လ ၂၅ ရက်တွင် စတင်ပေးသွားမှာဖြစ်ပြီး တစ်လလျှင် ကျပ်တစ်သောင်း

ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ယခုလို ထောက်ပံ့ပေးနို်င်ရန်အတွက် တစ်နှစ်စာငွေ ဘတ်ဂျက် ၄ ဒသမ ၂ ဘီလျံတောင်းထားကြောင်းသိရပါတယ်။

အသက် ၉၀ အောက်ဘိုးဘွားများကိုပါ ထောက်ပံ့ပေးခြင်းဖြင့် ဘိုးဘွားတွေအနေနဲ ့ထောက်ပံ့ကြေးထဲကနေ ဆေးဝယ်သောက်တာပဲဖြစ်ဖြစ်

လက်ဖက်ရည်သောက်တာပဲဖြစ်ဖြစ် မုန် ့ဖို းပေးတာပဲဖြစ်ဖြစ် လုပ်နိုင်တဲ့အတွက် အကျိုးတစ်ခုခုတော့ ရလာမှာဖြစ်တယ်လို ့ အပြည်ပြည်ဆိုင်ရာ

သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ ့မှ လူမှုကာကွယ်စောင့်ရှောက်ရေး တာဝန်ခံ ဒေါက်တာ ဟိန်းသက်စိုးက ပြောကြားခဲ့ပါတယ်။

Source: Popular News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။