ပရိတ်သတ်တွေကိုရယ်မောပျော်ရွှင်စေနိုင်ပြီး၀၀ပြည့်ပြည့်နဲ့ချစ်စရာကောင်းသူလေးကတော့သရုပ်ဆောင်မင်းသမီးလေးပွင့်ပါ။သူမဟာအမြဲပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကိုပရိတ်သတ်တွေအတွက်အကောင်းဆုံးကြိုးစားတင်ဆက်နေသူတစ်ယောက်ဖြစ်ပါတယ်။သရုပ်ဆောင်ပွင့်ဟာ ကျရာဇာတ်ရုပ်ကိုအပီအပြင်သရုပ်ဆောင်နိုင်ပြီး ကောင်းမွန်တဲ့အမျိုးသမီးဇာတ်ပို့တစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူး။

Photo Credit-Khin Pwint Phyu Theint's Facebook
Photo Credit-Khin Pwint Phyu Theint's Facebook

သူမဟာလတ်တလောတွင်နယ်ရှိုးပွဲများလိုက်လံသီဆိုဖျော်ဖြေနေတာပဲဖြစ်ပါတယ်။ပွင့်ဟာ မကြာသေးမီကသူ့ရဲ့facebookစာမျက်နှာတွင် ည2နာရီကျော်မှစတင်ဖျော်ဖြေခဲ့ပေမယ့်ပရိတ်သတ်တွေကွင်းအပြည့်အားပေးနေတဲ့ပုံရိပ်တွေကိုတင်ပေးခဲ့ပါတယ်။သူမဟာ အားပါးတရသီဆိုဖျော်ဖြေနေပြီး ပရိတ်သတ်တွေကလည်း ကွင်းလုံးပြည့်အားပေးနေကြတာပါနော်။

Photo Credit-Khin Pwint Phyu Theint's Facebook
Photo Credit-Khin Pwint Phyu Theint's Facebook

သရုပ်ဆောင်ပွင့်ဟာ အနုပညာလုပ်ငန်းများကိုအဆက်မပြတ်ကြိုးစားလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ပရိတ်သတ်ကြီးရော ပွင့်လေးကို အားပေးကြမယ်မလား။အားပါးတရသီဆိုဖျော်ဖြေနေတဲ့သရုပ်‌ဆောင်ပွင့်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khin Pwint Phyu Theint's Facebook
Photo Credit-Khin Pwint Phyu Theint's Facebook

Source-Khin Pwint Phyu Theint's Facebook

Photo Credit-Khin Pwint Phyu Theint's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။