ပရိသတ်ကြီးရေ သားသားလေးတစ်ယောက်ကိုမွေးဖွားထား မေမေမိုးယုစံကတော့ သာယာနွေးထွေးတဲ့မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာပါနော်။သားသားလေးကလည်း ၂နှစ်ကျော်အရွယ်ကိုရောက်ရှိလာပြီဖြစ်လို့ မိုးယုကတော့ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်ပြန်လည်လုပ်ဆောင်နေပြီး ပွဲတွေတက်ကာ ကြော်ငြာတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

မိုးယုရဲ့သားလေးက အမေတူလေးဖြစ်လို့ ချစ်မွှေးပါတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး အပြုံးချိုချိုလေးတွေနဲ့အမြဲတမ်းပြုံးနေတတ်တဲ့ကလေးလေးပါနော်။မေမေရဲ့ပြုစုစောင့်ရှောက်မှုတွေအောက်မှာ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာပြီး ဉာဏ်ကောင်းထက်မြက်ပါတယ်နော်။မိုးယုတို့ရဲ့မိသားစုဘဝလေးကို ပရိသတ်တွေကအားကျပြီး ချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

မိုးယုကတော့ အားလပ်ချိန်တိုင်းမှာ သားသားလေးနဲ့အတူဆော့ကစားပေးပြီး မိခင်မေတ္တာတွေကိုအပြည့်အဝပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရေကူးရတာအရမ်းကြိုက်တဲ့သားသားလေးကို အဖော်လုပ်ပြီး ရေကစားပေးနေတာပါနော်။မိုးယုသားအမိနှစ်ယောက်ကတော့ ရေကူးကန်ထဲမှာအရမ်းပျော်နေကြပြီး ကြည်နူးအေးချမ်းစရာပုံရိပ်လေးကိုပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

Photo Credit:Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။