ပရိသတ်ကြီးရေ.. ချစ်သက်လို့ရော သက်မွန်လို့ပါ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ဒိတ်ဒိတ်ကြဲအနုပညာရှင်ဖြစ်သလို ကလေးလေးတစ်ယောက်လို ဖြူစင်ပြီးချစ်ဖို့ကောင်းသူလေးပါနော်..။

ပီပြင်တဲ့ သူမရဲ့ကာရိုက်တာဇာတ်ရုပ်တွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အချစ်တွေကို အခိုင်အမာရရှိထားပြီး ကျော့ရှင်းပြီး အေးချမ်းတဲ့အလှတရားတွေအပြင် အပြစ်ကင်းတဲ့သူမရဲ့ပင်ကိုယ်ပုံရိပ်လေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ချစ်သက်လေးကတော့ "ဝင်္ကပါလမ်းမများ" ရုပ်သံဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကိုလည်း သူငယ်ချင်းတွေနဲ့အတူ တက်ရောက်လာပါတယ်နော်..။

အနုပညာမောင်နှမ သူငယ်ချင်းတွေနဲ့အတူ အခမ်းအနားပွဲတက်ရောက်ရင်း ချစ်သက်လေးတစ်ယောက် မျက်နှာပြောင်ကာ ကလေးလေးတစ်ယောက်လို ပျော်နေတာကိုလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။

Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

သူငယ်ချင်းတွေကြားမှာ စနောက်ကာ ကလေးလေးတစ်ယောက်လို မျက်နှာပြောင်ရင်း ချစ်ဖို့ကောင်းနေတဲ့ ချစ်သက်လေးကိုတော့ မြင်သူတိုင်းက မချစ်ပဲမနေနိုင်အောင် သဘောကျနေကြမှာပါပဲနော်..။

ဒီကနေ့လေးမှာ ချစ်ရတဲ့ အသည်းကျော်လေး သက်မွန်မြင့်ရဲ့ ချစ်စရာပွဲတက်ပုံရိပ်လေးတွေကိုလည်း အားလုံးအတွပ် တင်ဆက်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားကြပါဦးနော်..။

Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

Photo Credit - Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။