၂၀၂၀ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ (ပထမအဆင့်) ပွဲစဉ်အား ဖိလစ်ပိုင်ကလပ်အသင်း ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရန်အတွက် ရှမ်းယူနိုက်တက်ဘောလုံးအသင်းသည် ယနေ့ (၁၂.၁.၂၀၂၀) တနင်္ဂနွေနေ့ နံနက် (၉း၃၀) အချိန်တွင် ထိုင်းလေကြောင်းလိုင်းဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ထွက်ခွာမည်ဖြစ်ပါတယ်။

photo credit: shan united fc' s facebook
photo credit: shan united fc' s facebook

ရှမ်းယူနိုက်တက်ဘောလုံးအသင်းသည် ယနေ့ည ဖိလစ်ပိုင်ဒေသစံတော်ချိန် ညနေ (၆း၀၅) [မြန်မာစံတော်ချိန် ညနေ ၄း၃၅ နာရီ] အချိန်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ရောက်ရှိမည်ဖြစ်ပြီး (၁၄.၁.၂၀၂၀) အင်္ဂါနေ့ည (၇း၃၀) [မြန်မာစံတော်ချိန် ညနေ ၆း၀၀ နာရီ] အချိန်တွင် ဖိလစ်ပိုင်ကလပ်အသင်း ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် မနီလာမြို့ရှိ ရီဇယ်မန်မိုရီရယ်လ် ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။

photo credit: shan united fc' s facebook
photo credit: shan united fc' s facebook
photo credit: shan united fc' s facebook

ယခုပွဲစဉ်အား အနိုင်ရရှိပါက ခြေစစ်ပွဲဒုတိယအဆင့်အဖြစ် ထိုင်းကလပ်အသင်း ပေါ့တ် FC နှင့် (၂၁.၁.၂၀၂၀) နှင့် အဝေးကွင်းအဖြစ် သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။ ယနေ့ (၁၂.၁.၂၀၂၀) တနင်္ဂနွေနေ့ နံနက်ပိုင်း ဖိလစ်ပိုင်နိုင်ငံသို့ထွက်ခွာရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရောက်ရှိနေသည့် ရှမ်းယူနိုက်တက်အသင်းသားတွေရဲ့ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

source: shan united fc' s facebook 

photo credit: shan united fc' s facebook
photo credit: shan united fc' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။