ပရိသတ်ကြီးရေ မင်းသားချောလေးအိစိကွေးကတော့ ကလေးဘဝကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာ‌အလုပ်တွေကိုလုပ်ကိုင်ခဲ့တဲ့သူတစ်ယောက်ပါနော်။ယခုချိန်မှာဆိုရင်တော့ လူငယ်ပိုင်းအရွယ်ကိုရောက်ရှိလာပြီး ချောမောတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်အားပေးနေရတာဖြစ်ပါတယ်။

Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook

အိစိကွေးက လက်ရှိမှာလည်းအနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ခရီးတွေထွက်နေရတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း အိစိကွေးရဲ့အနုပညာလှုပ်ရှားမှုမှန်သမျှကို တစ်ခဲနက်အားပေးဝန်းရံကြပြီး စောင့်ကြည့်နေကြတာပါနော်။မကြာသေးခင်ရက်ပိုင်းမှာ အိ‌စိကွေးက မန္တလေးပွဲမှာ ဖျော်ဖြေခဲ့ရပြီး ကြုံတွေ့လာရတဲ့အခက်အခဲလေးတွေကို အောက်ပါအတိုင်းရေးသားမျှဝေထားတာဖြစ်ပါတယ်။

Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook

"ဒီတစ်ခေါက် မန္တလေးခရီးစဉ်က ဘဝမှာအမှတ်ရဆုံးပါပဲ ပွဲဆိုတယ် ပွဲပြီးတော့ ကိုယ့်အနုပညာကြေးကို မပေးဘူးနေ့လယ်စာ ညစာလည်း မကျွေး ကျန်တဲ့ စက်သမားတွေ DJ နဲ့ Stage သမားတွေလည်းလုပ်အားခ မရကြဘူး ပြဿနာတွေ တက် ဒေါသတွေထွက် ရဲစခန်းတွေလည်းရောက် ပြီးတော့ ရန်ကုန်က‌နေတစ်ယောက်တည်း လာရတာဆိုတော့ အခက်အခဲတွေနဲ့ပေါ့ စိတ်တွေလည်းညစ်ရတာပေါ့ဗျာ တော်ပါသေးတယ်ရန်ကုန်ကို အန္တရာယ်ကင်းကင်းပြန်ရောက်လာခဲ့တယ်စိတ်တွေညစ်ခဲ့ရပေမယ့် အကြောင်းတစ်ခုကြောင့် ကျွန်တော်ရဲ့ ခရီးက ပျော်ရွှင်ခဲ့ရပြန်ပါတယ် ကူညီပေးကြတဲ့သူတွေရော ပျော်ရွှင်အောင် ဖန်တီးပေးတဲ့သူကိုရော တကယ် ကျေးဇူးတင်ပါတယ်"ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook

Photo Credit:Eisi Kway's Facebook

Source:Eisi Kway's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။