ဗဟုသုတ အစီအစဉ်ကဏ္ဍကနေ ဒီတစ်ခါမှာတော့ သိပ္ပံပညာရှင်များ ခေါ်ဆိုကြတဲ့ (Space time) တစ်နည်းအားဖြင့် အာကာသအချိန်အကြောင်းကို သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင်သတင်း၊ အားကစားသတင်း၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

တိုးတက်လာတဲ့ ခေတ်တွင် အလျား၊ အနံ၊ အမြင့်၊ အချိန်ရယ် ပေါင်းပြီး 4 ဒိုင်မင်းရှင်း ဆိုပြီးဖြစ်လာပါတယ်။ ဒါ့အပြင် "အာကာသ အချိန်" အဆိုပါ (Space time) ဒိုင်းမင်းရှင်းကို ရိုးရိုးမျက်စိနဲ့ မြင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ (general relativity) သီအိုရီအရ အဆိုပါ ဒိုင်မင်းရှင်းဟာ အကွေးအတိုင်းအတာ တစ်ခုသာ ဖြစ်ပါတယ်။

photo credit pngtree

ထိုဒိုင်မင်းရှင်းရဲ့ အကွေးပမာဏဟာ (a million million million million million of an inch) တစ်လက်မ၏ အပုံပေါင်း သန်းပေါင်း သန်းပေါင်း သန်းပေါင်း သန်းပေါင်း တစ်သန်းဖြစ်တာကြောင့် ဘယ်လိုနည်းနဲ့မှ မမြင်နိုင်ပါဘူး...။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် လုံးနေတယ်လို့ ကျွန်ုပ်တို့ မြင်နေကြရတဲ့ ပန်းသီးတစ်လုံးကို အနီးကပ် ကြည့်လိုက်ပါက ပန်းသီး အခွံရဲ့ သေးငယ်သော အဖုအထစ်လေးများကိုလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ အဲ့အဖုအထစ် တစ်ခုချင်းစီရဲ့ ပမာဏကို အဏုကြည့် မှန်ဘီလူးဖြင့် ကြည့်နိုင်သည့်တိုင် အလွန်သေးငယ်သော အဏုမြူ အရွယ်ထက်ပို၍တော့ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။