MRTV-4 မင်းသမီးလေးအဖြစ် လူသိများတဲ့ ခြူးလေးကိုတော့ ယောက်ျားလေး၊မိန်းကလေးမရွေး ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။ သူများနဲ့မတူဘဲ ကလေးဆန်ပြီး ပျော်ပျော်နေတတ်တဲ့ ခြူးလေးက အမာခံပရိသတ်တွေ အမြောက်အများရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကလည်း ခြူးလေးရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို မပျက်မကွက်စောင့်ကြည့်အားပေးနေရတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ခြူးလေးက ကြော်ငြာနဲ့ Photo Shooting လေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ခြူးလေးက အရင်ကထက်ပိုပြီး လှလို့လာတာလည်း ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက ခပ်မိုက်မိုက်ဖက်ရှင်လေးနဲ့ အရမ်းကိုဆွဲဆောင်မှုရှိနေတဲ့ ပုံလေးတွေကို မျှဝေထားပါတယ်။
ခြူးလေးက မန္တလေးမြို့ကိုရောက်ရှိနေတဲ့အချိန်လေးမှာ ဆိုင်ကယ်တစ်စီးနဲ့ အထာကျကျဓာတ်ဖမ်းခဲ့တဲ့ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ပေးထားတာဖြစ်ပါတယ်။ အပြတ်အသတ်လန်းနေတဲ့ ခြူးလေးကတော့ အထာကျကျပို့စ်တွေပေးရင်း အရမ်းကိုထိမိနေတာပဲ ဖြစ်ပါတယ်၊၊ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခြူးလေးရဲ့အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit- Chue Chue's FB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။