ပရိသတ်ကြီးရေ...ဒီတစ်ခါမှာတော့ ဟစ်တလာ ခေါင်းဆောင်တဲ့ နာဇီ ဂျာမနီတပ်များရဲ့ ရက်စက်လှသော "ံHuman experiment"လို့ခေါ်တဲ့ လူသားအစားထိုး စမ်းသပ်ချက်များထဲမှ "Twins" (အမွှာပူး) စမ်းသပ်ချက် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

photo credit pngtree

အဲ့စမ်းသပ်ချက်တွေကို အများဆုံး ပြုလုပ်ခံခဲ့ရတာကတော့ ဂျာမနီ နာဇီတပ်တို့ရဲ့ အကျဉ်းသားတွေ ဖြစ်ကြတဲ့ ဂျူးလူမျိုးများပဲ ဖြစ်ပါတယ်။ အဲ့လိုနှိပ်စက် စမ်းသပ်ချက်တွေဟာ ယခုအချိန်ထိတိုင် ကမ္ဘာ့သမိုင်းမှာ မပျောက်ကွယ်သွားဘဲ မှတ်ကျောက်တင် ကျန်ရစ်နေခဲ့တာ ဖြစ်ပါတယ်။ အဲ့လိုအဖြစ်ပျက်တွေကို ရိုက်ကူးခဲ့တဲ့ ဒုတိယကမ္ဘာစစ် သမိုင်းနောက်ခံ ဇာတ်ကားအများအပြားလည်း ထွက်ရှိခဲ့ပါတယ်။

photo credit pngtree

ကဲ အမွှာပူး စမ်းသပ်ချက်လေးအကြောင်းကို ပြန်ဆက်လိုက်ကြရအောင်နော်...။ ဂျာမဏီတို့ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း လူဦးရေ နှစ်ဆတိုးပြီး စစ်သည်၊ စစ်သားများပြားအောင် အကြံဉာဏ် ထုတ်ကြပါတယ်။ အဲ့ခေတ် အဲ့ခါကတည်းက သိပ္ပံနည်းပညာတွေ အတော်အတန်တိုးတက်နေတဲ့ နာဇီတို့ဟာ သူတို့ရဲ့ အကြံအစည်ထမြောက်ရန် ဂျူးလူမျိုး အကျဉ်းသားတွေကို မျက်စိကျခဲ့ပါတယ်။ အဲ့လိုနဲ့ အဲ့ကျဉ်သားများနဲ့ အမွှာပူးကလေး ၁၀၀၀ ကျော်ကိုစမ်းသပ်ခဲ့ကြပြီး စင်းလုံးချော်အောင်မြင်တဲ့ ကလေး ၂၀၀ကိုသာ အသက်ရှင်သန်ခွင့်ပေးခဲ့ပါတယ်။ ကျန်အမွှာပူး ကလေးငယ်များကိုတော့ နှလုံးထဲကို chloroform ထိုးသွင်းပြီး အဆုံးစီရင်ပစ်ခဲ့ကြပါတယ်...။

Source သံ ဇဉ် မိုးဇတ်

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။