၂၀၂၀ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ (ပထမအဆင့်) ပွဲစဉ်အား ဖိလစ်ပိုင်ကလပ်အသင်း ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရန်အတွက် ရှမ်းယူနိုက်တက်ဘောလုံးအသင်းသည် (၁၂.၁.၂၀၂၀) တနင်္ဂနွေနေ့ နံနက် (၉း၃၀) အချိန်တွင် ထိုင်းလေကြောင်းလိုင်းဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ထွက်ခွာခဲ့ပြီး ရှမ်းယူနိုက်တက်ဘောလုံးအသင်းသည်(၁၄.၁.၂၀၂၀) အင်္ဂါနေ့ည (ရး၃၀) [မြန်မာစံတော်ချိန် ညနေ ၆း၀၀ နာရီ] အချိန်တွင် ဖိလစ်ပိုင်ကလပ်အသင်း ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် မနီလာမြို့ရှိ ရီဇယ်မန်မိုရီရယ်လ် ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ယနေ့ (၁၃.၁.၂၀၂၀) တနင်္လာနေ့ နံနက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ တည်းခိုရာ အာမဒါဟိုတယ်အနီးမှာ သွေးပူလေ့ကျင့်ခန်း၊ အကြောလေ ျှာ့လေ့ကျင့်ခန်းများ ပြုလုပ်နေတဲ့ ရှမ်းယူနိုက်တက်အသင်းကတော့ အကောင်းဆုံး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းကလည်း ဖိလစ်ပိုင်ကလပ်အသင်း ဆဲရက်စ်နီဂရိုးစ်အသင်း အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားနိုင်မလား ၊ ဘယ်လိုကန်သွင်းမှုတွေနဲ့ အနိုင်းဂိုးတွေကို ရယူပေးသွားနိုင်မလဲ ဆိုတာကို ရှမ်းယူနိုက်တက် ပရိသတ်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားနေပြီးလည်းဖြစ်ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ရှမ်းယူနိုက်တက်အသင်းကတော့ လက်ရှိဒေသတွင်းမှာ ချန်ပီယံအသင်းလည်း ဖြစ်ပြီး အကောင်းဆုံးခြေစွမ်းတွေပြသထားနိုင်ခဲ့တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတာ့ ဖိလစ်ပိုင်ကလပ်အသင်း ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရန်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်နေတဲ့ ရှမ်းယူနိုက်တက်အသင်းရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

Photo Credit - Shan United FC

Source - Shan United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။