ချိုသာတဲ့အသံလေးနဲ့သီချင်းအေးအေးလေးတွေကို ပရိတ်သတ်ရင်ထဲရောက်အောင် သီဆိုတတ်ပြီးချစ်စရာမျက်နှာလေးကိုပိုင်ဆိုင်ထားသူကတော့ အဆိုတော်ပိုပိုပါ။ သူမဟာ တေးသီချင်းကောင်းလေးတွေကိုကိုယ်တိုင်ရေးသားသီဆိုတတ်ပြီး ပရိတ်သတ်တွေအတွက် အကောင်းဆုံးကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ အဆိုတော်ပိုပိုဟာ ခုလတ်တလောတွင်showပွဲများလိုက်လံသီဆိုနေပြီး သီချင်းအသစ်များလည်းဖန်တီးထုတ်လုပ်လျက်ရှိပါတယ်။


Photo Credit-ပိုပို's Facebook
Photo Credit-ပိုပို's Facebook

ပိုပိုဟာမကြာသေးမီက သူ့ရဲ့facebookစာမျက်နှာတွင်Kanebo(လားရှိုး)ပွဲလေးမှာ ဖျော်ဖြေခဲ့တဲ့ပုံရိပ်တွေကို တွေ့တိုင်းသူတိုင်းကအပြင်မှာပိုလှတယ်ပြောကြတာပဲ ဒါကလဲချစ်တဲ့စိတ်နဲ့ကြည့်လို့ပါပိုကမလှပါဘူးလေဆိုတဲ့ captionလေးနဲ့တင်ပေးလာပါတယ်။ သူမဟာပန်းနုရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားပြီး ဆံပင်အရှည်လေးနဲ့အင်မတန်ကိုချစ်စရာကောင်းနေတာပဲဖြစ်ပါတယ်။ ၎င်းပွဲတွင်အဆိုတော်ပိုပိုဟာ အခြားအနုပညာရှင်များစွာနဲ့အတူ အားပါးတရသီဆိုဖျော်ဖြေနေတာပါနော်။


Photo Credit-ပိုပို's Facebook
Photo Credit-ပိုပို's Facebook

အဆိုတော်ပိုပိုဟာ သူမရဲ့one lady showပွဲကြီးကိုကျင်းပရန်စီစဉ်နေတာဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုတွေကိုအကောင်းဆုံးလုပ်နေတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရောဒီပွဲလေးကိုသွားရောက်အားပေးကြမယ်မလား။Kanbeo(လားရှိုး)ပွဲလေးမှာ အားပါးတရသီဆိုဖျော်ဖြေနေတဲ့ပိုပိုရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-ပိုပို's Facebook
Photo Credit-ပိုပို's Facebook

Source-ပိုပို's Facebook

Photo Credit-ပိုပို's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။