ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်တို့မိသားစုလေးဟာဆိုရင် သာယာနွေးထွေးမှုအပြည့်ရှိကြလို့လူအများအားကျရတဲ့အနုပညာရှင်မိသားစုလေးပဲဖြစ်ပါတယ်။ဒီဒီးကတော့ အနုပညာအလုပ်တွေကိုအနည်းအကျဉ်းသာလုပ်ဆောင်နေပြီး ချစ်သမီးလေးကိုသာ အချိန်အပြည့်ပေးကာ ပြုစုစောင့်ရှောက်ပေးနေတာကြောင့် Treasureလေးကလည်း ကျန်းကျန်းမာမာနဲ့လှလှပပလေးကြီးပြင်းလာပါတယ်နော်။

Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook

Treasureလေးကလည်း ပါးဖောင်းဖောင်း၊မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အရမ်းချစ်စရာကောင်းပြီး မေမေနဲ့ချွတ်စွပ်တူတဲ့နှုတ်ခမ်းလှလှလေးကိုပိုင်ဆိုင်ထားတာပါနော်။စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံကလည်း သမီးလေးနဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ထားကြပြီး အပြန်အလှန်ချစ်ခင်ကြင်နာကြပါတယ်။ဒီဒီးရဲ့ချစ်ခင်ပွန်းကလည်း အားလပ်ချိန်တိုင်းကို ချစ်ဇနီးနဲ့သမီးလေးအတွက်သာပေးပြီး လိုလေသေးမရှိအောင်စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။

Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook

Treasure လေးကတော့ ပရိသတ်ရဲ့မျက်စိရှေ့တင်ပဲ (၅)လကျော်သွားပြီဖြစ်ပြီး မေမေဒီဒီးကလည်း သမီးလေးရဲ့ပုံရိပ်လေးတွေကို အမြဲတမ်းမျှဝေနေကျဖြစ်ပါတယ်။အခုဆိုရင်တော့ ဖွားဖွားရဲ့လက်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့လျှောက်ကြည့်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို စန္ဒီမြင့်လွင်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေခဲ့တာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook

Photo Credit:Sandy Myint Lwin's Facebook

Video Credit:Sandy Myint Lwin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။