အနုပညာလမ်းကြောင်းထက်မှာ MRTV-4 မင်းသား၊မင်းသမီးလေးတွေအဖြစ် အောင်မြင်ကျော်ကြားနေတဲ့သူတွေထဲမှာတော့ ကျော်ထက်ဇော်၊စည်သူဝင်း၊ ဘုန်းရှိန်ခန့်၊ ပိုးကြာဖြူခင်၊ ခေးဆက်သွင်၊ ဆောင်းဝတ်ရည်မေ၊ မေဧကရီထူးတို့ကလည်း အပါအဝင်ဖြစ်ကြပါတယ်။ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ သူတို့က အခုဆိုရင် အားပေးသူပရိသတ်ကိုယ်စီနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။

Photo Credit-Poe Kyar Phyu Khin's FB
Photo Credit-Poe Kyar Phyu Khin's FB
Photo Credit-Poe Kyar Phyu Khin's FB

အခုဆိုရင်လည်း မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ မေဧကရီထူးက သူမချစ်ရတဲ့ချစ်သူနဲ့ နှစ်ကိုယ်တူဘဝလေးတစ်ခုတည်ဆောက်ဖို့ ထိမ်းမြားလက်ထပ်လိုက်ပြီပဲ ဖြစ်ပါတယ်။ မေဧကရီထူးရဲ့မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ရက်က "Novotel Yangon Max" မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာမောင်နှမတွေ စုံစုံလင်လင်တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုလည်း ပိုးကြာဖြူခင်က ချစ်သူငယ်ချင်းရဲ့မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ ပုံလေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit-So Pyay Myint's FB
Photo Credit-Poe Kyar Phyu Khin's FB
Photo Credit-Poe Kyar Phyu Khin's FB
Photo Credit-Poe Kyar Phyu Khin's FB

ပိုးကြာဖြူခင်က " သူငယ်ချင်း ဧက နဲ့ ကိုအောင်ခန့်တို့ရဲ့ မင်္ဂလာပွဲ congratulations ငါ့သူငယ်ချင်းလေး" ဆိုပြီး အမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲလေးမှာတော့ ကျော်ထက်ဇော်၊ စည်သူဝင်း၊ စိုပြေမြင့်၊ ဆောင်းဝတ်ရည်မေ၊ သွန်းသစ္စာသော်တို့ကလည်း သတို့သားအရံ၊ သတို့သမီးအရံအဖြစ် ပါဝင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေဧကရီထူးရဲ့မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ ပိုးကြာဖြူခင်တို့ အနုပညာမောင်နှမတစ်စုရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။   

Source& Photo Credit- Poe Kyar Phyu Khin's FB & So Pyay Myint's FB 

Photo Credit-So Pyay Myint's FB
Photo Credit-So Pyay Myint's FB
Photo Credit-Poe Kyar Phyu Khin's FB
Photo Credit-Poe Kyar Phyu Khin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။