ပရိသတ်ကြီးရေ တေးသံရှင်တစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေကတော့ ချိုမြတဲ့အသံလေးနဲ့ ပရိသတ်တွေရဲ့နားထဲမှာစွဲနေအောင်သီဆိုနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။အေသင်ရဲ့တေးသီချင်းလေးတွေကလည်း အမြဲတမ်းနားထောင်နေလည်းမရိုးသွားနိုင်တာကြောင့် အခုချိန်ထိတောင်အောင်မြင်နေဆဲပါ။အေသင်က အခုနောက်ပိုင်းမှာလည်း သီချင်းကောင်းလေးတွေကိုကြိုးစားဖန်တီးနေပြီး ပရိသတ်တွေကလည်းသူမရဲ့အနုပညာကို လက်ခံအားပေးကြပါတယ်။
အေသင်ကတော့ချစ်စရာသမီးချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး သမီးလေးအတွက်အစွမ်းကုန်ကြိုးစားနေကာ လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။အေသင့်ရဲ့သမီးလေး ဗီဗီး ကလည်း ဆံပင်ကောက်ကောက်လေးတွေနဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် အရုပ်မလေးနဲ့တူပြီး လူချစ်လူခင်ပေါများတဲ့ ကလေးလေးဖြစ်ပါတယ်နော်။
အေသင်က သမီးလေးရဲ့အနာဂတ်တောက်ပဖို့ကိုလည်းကြိုးစားနေသလို သူမရဲ့ ၂၀၂၀ goals list ထဲက တစ်ခုဖြစ်တဲ့ အိမ်မက်ကြီးကိုလည်းအကောင်အထည်ဖော်လိုက်နိုင်တာဖြစ်ပါတယ်။အေသင်က သူမကြိုးစားရှာဖွေထားတဲ့ ကိုယ်ပိုင်ပိုက်ဆံနဲ့ သိန်းပေါင်းများစွာတန်တဲ့ကားသစ်ကြီးတစ်စီးကို နှစ်သစ်မှာ ပိုင်ဆိုင်လိုက်နိုင်လို့ အရမ်းပျော်ရွှင်နေပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။
Photo Credit:Athen Cho Swe's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။