အနုပညာလောကရဲ့ ငွေကြယ်ပွင့်တစ်ပွင့်လို့တောင်ဆိုရမယ့် အဆိုတော်၊ မင်းသမီးချော ထွန်းအိန္ဒြာဗိုလ်ကတော့ ယနေ့တိုင်အောင် သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့အလှတရားတွေနဲ့ အရွယ်တင်နုပျိုနေတဲ့ ထွန်းအိန္ဒြာဗိုလ်က ပရိသတ်တွေရဲ့ရင်ကိုထိမှန်စေမယ့် သီချင်းလေးတွေကို အခုချိန်အထိ သီဆိုနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ထွန်းအိန္ဒြာဗိုလ်က ပွဲအခမ်းအနားတော်တော်များများမှာ ပါဝင်ဖျော်ဖြေပေးနေရတာလည်း ဖြစ်ပါတယ်။

Photo Credit-Mi Mi Khine's Facebook
Photo Credit-Mi Mi Khine's Facebook

ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ရွှေနန်းတော်ရတနာဆိုင်ရဲ့ပွဲအခမ်းအနားကိုလည်း ထွန်းအိန္ဒြာဗိုလ်က တက်ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ ထွန်းအိန္ဒြာဗိုလ်က ပရိသတ်အချစ်တော်မင်းသမီးလေးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ ပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးချောလေးတွေကြားမှာတောင် နုပျိုတဲ့အလှတွေထင်ဟပ်နေတဲ့ ထွန်းအိန္ဒြာဗိုလ်က အစိမ်းရောင်ပွဲတက်ဝတ်စုံလေးကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Mi Mi Khine's Facebook
Photo Credit-Mi Mi Khine's Facebook
Photo Credit-Mi Mi Khine's Facebook

လက်ရှိမှာတော့ ထွန်းအိန္ဒြာဗိုလ်က အသေးစားမျက်နှာခွဲစိတ်မှုပြုလုပ်ထားတာကြောင့် မျက်နှာအသားမကျသေးပေမယ့်လည်း အရင်ကထက်ပိုလှလို့လာတာပဲ ဖြစ်ပါတယ်။ မျက်မှန်တစ်လက်နဲ့ ဖက်ရှင်ကျနေတဲ့ ထွန်းအိန္ဒြာဗိုလ်ကိုတော့ ပရိသတ်တွေအားလုံးက ကြွေနေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်၊မင်းသမီးချော ထွန်းအိန္ဒြာဗိုလ်ရဲ့ပွဲတက်အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Mi Mi Khine's Facebook 

Photo Credit-Mi Mi Khine's Facebook
Photo Credit-Mi Mi Khine's Facebook
Photo Credit-Mi Mi Khine's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။