ပီပြင်တဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့တခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် ဒိတ်ဒိတ်ကြဲ အနုပညာရှင်မင်းသမီးချောတွေကတော့ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ပဲ ဖြစ်ပါတယ်နော်..။

အကယ်ဒမီထူးချွန်ဆုတွေကို ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ သူမတို့မင်းသမီးချောလေးယောက်ကတော့ အနုပညာလောကမှာ ထိပ်တန်းကရပ်တည်နေသလို တစ်ယောက်တစ်မျိုးစီ ကိုယ်ပိုင်အလှတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးတွေပါပဲ..။


Photo Credit - Phway Phway’s Facebook
Photo Credit - Li John Photography
Photo By Myanmarload

ရာကျဇာတ်ရုပ်တွေကို သဘာဝဆန်ဆန်သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အကယ်ဒမီဆုတွေကိုလည်း တစ်ခုထက်မနည်းပိုင်ဆိုင်ထားကြတဲ့ သူမတို့ကတော့ ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေပါ သည်းသည်းလှုပ် ချစ်ခင်နေကြသူလေးတွေဆိုလည်း မမှားပါဘူးနော်..။

ပြည်သူ့အသည်းကျော် မင်းသမီးချောတွေဖြစ်ကြတဲ့ မင်းသမီးချောလေးယောက်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြသလို အခုတစ်ခါမှာလည်း “ရွှေနန်းတော်” ရဲ့ အခမ်းအနားပွဲလေးကိုလည်း အတူတက်ရောက်လာခဲ့ကြပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo Credit - Li John Photography

ပြီးခဲ့တဲ့ရက်က Junction City Promotion Area မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ရွှေနန်းတော်” ရတနာရွှေဆိုင်ရဲ့ ကံစမ်းမဲပွဲ အခမ်းအနားလေးကို မရိုးနိုင်တဲ့ အလှတရားတွေကိုယ်စီနဲ့ ကျော့ရှင်းစွာ ဆွဲဆောင်မှုရှိရှိ တက်ရောက်လာခဲ့ကြတာကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။

မတူညီတဲ့အလှတွေကိုယ်စီနဲ့ တစ်ယောက်တစ်မျိုးစီလှသွေးကြွယ်နေကြတဲ့ အသည်းကျော် မင်းသမီးချောလေးယောက်ရဲ့ အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကိုလည်း တစ်စုတစ်စည်းတည်း ပရိသတ်တွေလည်း တင်ဆက်ပေးလိုက်တာမို့ သဘောကျနေကြမှာပါနော်..။

Photo Credit - Li John Photography
Photo Credit - Li John Photography
Photo Credit - Li John Photography

Photo Credit - Phway Phway’s Facebook & Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။