မင်းသားချောလေး သူရိယ က အနုပညာနယ်ပယ်မှာ နေရာလေးတစ်ခုကို အခိုင်အမာရပ်တည်နိုင်ခဲ့ပြီးဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူရိယက ရှပ်ရှင်ဇာတ်တွေမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရရှိထားတဲ့ မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို အရင်ကထက်ပိုမိုလုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။

Photo Credit - Thu Riya's Facebook
Photo Credit - Thu Riya's Facebook

ယခုတစ်ခါမှာလည်း သူရိယက မန္တလေးမြို့ နန်းခေါတ်ပိုးထည်တိုက်ရဲ့ အလှူမင်္ဂလာပွဲကိုသွားရင်း မဟာမြတ်မုနိဘုရားကို သွားရောက်ပြီး ဖူးမျှော်ခဲတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာဆိုရင်လည်း မင်းသားချောလေး သူရိယက မြန်မာဝတ်စုံလေးကိုဝတ်ပြီး ခန့်ခန့် ညားညားဟန်ပန်အမှုရာလေးတွေနဲ့ ပရိသတ်တွေကို ညို့ယူဖမ်းစားလိုက်ပြန်ပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မဟာမြတ်မုနိဘုရားကို လာရောက်ဖူးမျှော်နေကြတဲ့ ဘုရားဖူးပရိသတ်တွေနဲ့လည်း အမှတ်တရ ဓာတ်ပုံလေးတွေလည်းရိုက်ခဲ့ပါသေးတယ်။

Photo Credit - Thu Riya's Facebook
Photo Credit - Thu Riya's Facebook

ပရိသတ်ကြီးကလည်း မန္တလေးမဟာမြတ်မုနိ ဘုရားကို သွားရောက်ဖူးမျှော်ခဲ့တဲ့ သူရိယရဲ့ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦးနော်..။ မင်းသားချောသူရိယကလည်း ဘုရားဖူးရင်း ချစ်တဲ့ ပရိသတ်တွေနဲ့အတူ အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ခဲ့တာလေးတွေကို သူရဲ့ လူမှုကွန်ယက်စာ မျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ မင်းသားချောလေး သူရိယ ရဲ့ မဟာမြတ်မုနိဘုရားမှာ ရိုက်ခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Thu Riya's Facebook
Photo Credit - Thu Riya's Facebook

Photo Credit - Thu Riya's Facebook

Source - Thu Riya's Facebo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။