ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားသူလေးကတော့ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure လေးပဲ ဖြစ်ပါတယ်။ သမီးလေးရဲ့ ပါးဖောင်းဖောင်းလေးကြောင့် ပရိသတ်တွေက ပိုပိုပြီး ချစ်မဝဖြစ်နေကြတာပါ။ သမီးလေးကတော့ နှစ်ဖက်အဖိုးအဖွားတွေသာမကဘဲ စိုးညီအစ်မတွေကပါ သည်းသည်းလှုပ်ချစ်နေရတာပါ။  

Photo Credit - Thiha Lwin's Instagram
Photo Credit - Thiha Lwin's Instagram
Photo Credit - Thiha Lwin's Instagram

သမီးလေးရဲ့ လှုပ်ရှားမှုလေးတွေတိုင်းဟာလည်း တစ်နေ့ထက်တစ်နေ့ပိုပိုပြီး ချစ်စရာကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။ မေမေ ဒီးဒီကလည်း သမီးလေးရဲ့ အနားမှတစ်ဖဝါးမှ မခွာဘဲ ပြုစုစောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သမီးလေးရဲ့ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုလေးတစ်ခုကို ဝေမျှလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။  

Photo Credit - Thiha Lwin's Instagram
Photo Credit - Thiha Lwin's Instagram
Photo Credit - Thiha Lwin's Instagram

ဒါကတော့ ပါးလေးဖောင်းကစ်ကစ်လေးနဲ့ ပရိသတ်တွေကိုအသည်းယားသွားလောက်အောင် ဖြစ်သွားစေမယ့်စန္ဒီမြင့်လွင်ရဲ့သမီးTreasureလေးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ဒီးဒီရဲ့ ချစ်ခင်ပွန်း ကိုသီဟလွင်ရဲ့ Instagram မှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Thiha Lwin's Instagram  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။