မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ အချိန်အတိုအတွင်း ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာလေးတစ်ခုကိုအခိုင်အမာရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ပိုင်တံခွန် ကိုတော့ ပြည်တွင်းက ပရိသတ်တွေကပါ အားပေးချစ်ခင်ခြင်းသာမကပဲ ပြည်ပက ပရိသတ်တွေကပါ အားပေးချစ်ခင်ခြင်း ခံရတဲ့ မော်ဒယ်မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တခွန် က ပြည်တွင်းကအနုပညာ အလုပ်တွေကို ဇာတ်တိုက်လုပ်ကိုင်နေရပြီး ပြည်ပက အနုပညာအလုပ်တွေကို လည်း ပိုမိုလုပ်ကိုင်နေရပြီလည်းဖြစ်ပါတယ်။

Photo Credit -Htet Paing Ye
Photo Credit -Htet Paing Ye

ယခုတစ်ခါမှာတော့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်က စမက်ကျတဲ့ အမိုက်စားဖက်ရှင် ဝတ်စုံလေးကို ဝတ်ပြီ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာဆိုရင်လည်း မြင်သူတိုင်း ကြွေဆင်းလောက်တဲ့ အမိုက်ဖက်ရှင်ဒီဇိုင်းလေးနဲ့ စမက်ကျကျဝတ်ဆင်ပြီး ပရိသတ်တွေကို ညို့ယူဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ခန့်ခန့်ညားညားလေးနဲ့ ဆွဲမက်စရာကောင်းတဲ့ အပြုံးလေးတွေကိုတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာထိရှစေမှာ အမှန်ပါနော်..။

Photo Credit -Htet Paing Ye
Photo Credit -Htet Paing Ye

ပရိသတ်ကြီးကလည်း မော်ဒယ်မင်းသားချောလေး ပိုင်တံခွန် ရဲ့ အမိုက်စား ပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦးနော်…။ဆွဲမက်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ညို့ယူဖမ်းစားထားတဲ့ ယင်းပုံရိပ်လေးတွကို ပရိသတ်တွေအတွက် သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ နှုတ်ခမ်းနိမလေးတွေ အသည်းဆွဲချစ်ခင်ရတဲ့ ပိုင်တံခွန်ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်းတင်ဆက်ပေးလိုက်ပါတယ်။ 

Photo Credit - Paing Takhon's Facebook

Source - Paing Takhon's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။