ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ရိုမန်တစ်ဆန်တဲ့ ချစ်ခြင်းတွေနဲ့ ပရိသတ်တွေကိုအမြဲအားကျကြည်နူးစေတဲ့ အနုပညာရှင်လူငယ်စုံတွဲလေးကတော့ အဆိုတော်သရုပ်ဆောင် ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေကြသလို တစ်ယောက်ကိုတစ်ယောက် နားလည်ချစ်ခင်ကြင်နာမှုလေးတွေနဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို နှစ်ယောက်အတူ ပိုင်ဆိုင်ထားကြတာမို့လည်း ပရိသတ်တွေက အားကျချစ်ခင်နေကြတာပါ..။


Photo Credit – A Nyein Phyu’s Facebook
Photo Credit – A Nyein Phyu’s Facebook

ချစ်သူစုံတွဲတွေရဲ့ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးစိတ်ကောက်တာလေးတွေရှိကြပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဧငြိမ်းဖြူက စိတ်ဆိုးကာ သူမရဲ့fb စာမျက်နှာကနေ ရဲရင့်အောင်နဲ့ လမ်းခွဲလိုက်ပြီဆိုပြီး Status လေးတင်ခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။

Status က စိတ်ဆိုးလို့ တင်ခဲ့တာဖြစ်သလို တင်ပြီးပြီးချင်း ချက်ချင်းပြန်ဖျက်လိုက်ပေမယ့် ဘယ်လိုမှမမှီတော့ပဲ ပြန့်သွားတာဖြစ်တဲ့အကြောင်းလေးနဲ့ ရဲရင့်အောင်က မလုပ်ပါနဲ့လို့ ဆုံးမတဲ့ကြားထဲက လုပ်ခဲ့မိတဲ့အတွက် ပြန်ချော့လိုက်တဲ့အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit – A Nyein Phyu’s Facebook
Photo Credit – A Nyein Phyu’s Facebook

“သူက ဧကို နားလည်စေချင်တာ ကလေးမဆန်စေချင်ဘူး နောက်ဆိုရင် မလုပ်တော့ပါဘူး ဖြစ်လာတဲ့ ပြဿနာကို ကိုယ့်ဘာသာအကောင်းဆုံး ရင်ဆိုင်ဖြေရှင်းပါမယ် အဲ့လိုမျိုး Fb မှာတင်တာတွေ ပရိသတ်သိအောင် လူသိအောင်တွေ မလုပ်တော့ပါဘူးလို့ သူ့ကို ကတိပေးထားပါတယ်.. အခုတော့ပြန်အဆင်ပြေသွားပါပြီ သူကတော့ ပရိသတ်တွေကို ပျော်နေတာပဲ မြင်စေချင်တယ်ပေါ့နော် ကလေးဆန်ပြီးလုပ်တဲ့ဟာတွေ မကောင်းတဲ့ကိစ္စတိုင်းကို သူကအမြဲဆုံးမပါတယ် သူပြောထားတဲ့ကြားထဲက လုပ်လိုက်မိတဲ့အတွက် ဧမှားတယ်ဆိုတာ ဧသိပါတယ်..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

စိတ်ပူပေးကြတဲ့ ပရိသတ်တွေကိုလည်း သူမတို့ချစ်သူနှစ်ယောက် ပြန်အဆင်ပြေသွားကြပြီမို့ စိတ်မပူကြဖ့ိုနဲ့ စိတ်ပူပေးကြတဲ့ ပရိသတ်တွေအကုန်လုံးကိုလည်း အားနာသလို တောင်းလည်းတောင်းပန်ထားပြီး နောက်ဆိုရင် ပရိသတ်တွေစိတ်ပူအောင် မလုပ်တော့ပါဘူးဆိုပြီးတော့ ပြောပြထားတဲ့ ဧငြိမ်းဖြူရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – A Nyein Phyu’s Facebook
Photo Credit – Amazing Grace Photography

Photo Credit – A Nyein Phyu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။