ပရိသတ်ကြီးရေ မင်းသမီးချောနန္ဒာလှိုင်ကတော့ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားသေးဘဲ အားပေးချစ်ခင်မှုတွေကိုပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်လက်ပါနော်။နန္ဒာလှိုင်က မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီဖြစ်လို့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး မိသားစုအတွက်အချိန်အပြည့်ပေးကာ ဂရုစိုက်ပေးနေတဲ့အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။နန္ဒာလှိုင်က သူမလိုပဲချစ်မွှေးပါတဲ့ သမီးချောချောလေးသုံးယောက်ကိုမွေးဖွားထားတဲ့ မိခင်တစ်ယောက်ပါနော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

ဇေဝတီလှိုင်၊ဇေရတီလှိုင်နဲ့ ဇေမဒီလှိုင်တို့ ညီအစ်မသုံးယောက်ကလည်း ထူးချွန်ထက်မြက်ကြပြီး လိမ္မာရေးခြားရှိကြလို့ နန္ဒာလှိုင်တို့ဇနီးမောင်နှံက သမီးကောင်းရတနာလေးတွေကို ရရှိထားတာပါ။နန္ဒာလှိုင်ကတော့ ယနေ့အချိန်ထိတိုင်လှပနုပျိုနေပြီး ကလေးသုံးယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် ပျိုမျစ်နေတာဖြစ်လို့ မိန်းကလေးပရိသတ်တွေကလည်း သူမရဲ့အလှအပတွေကို ချီးကျူးပြီးအားကျနေကြတာဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်ကတော့ မကြာသေးခင်ရက်ပိုင်းမှာ ချစ်ခင်ပွန်းနဲ့အတူတူ မော်လမြိုင်မြို့ကို သွားရောက်ပြီး သူမငယ်စဉ်ကပညာသင်ကြားခဲ့တဲ့ ကျောင်းတော်ကြီးရဲ့အာစရိယပူဇော်ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။နန္ဒာလှိုင်ခရီးကပြန်ရောက်လာချိန်မှာတော့ သမီးလေးသုံးယောက်က မေမေ့ကိုပြေးဖတ်ကာ အလွမ်းသယ်နေကြတဲ့ သားအမိသုံးယောက်ရဲ့ချစ်စရာပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Myat Sabai Hlaing&Nandar Hlaing's Facebook
Photo Credit:Myat Sabai Hlaing&Nandar Hlaing's Facebook

Photo Credit:Myat Sabai Hlaing&Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။