ချစ်ပရိသတ်ကြီးရေ ဆယ်ကျော်သက်ကောင်မလေးတွေအသည်းစွဲ မင်းသားချောလေး ဖြစ်တဲ့ ထက်အောင်ရိူင်းကတော့ သူ့ရဲ့ အေးချမ်းပြီး ယောကျာ်းဆန်တဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူဖြစ်ပါတယ်။ မိန်းကလေး ပရိသတ်တွေ အများဆုံး အားပေးရရှိသူ ဖြစ်သလို တကယ့်ကို ဖော်ရွေ့ပြီး ရည်မွန်တဲ့ ထက်အောင်ရိူင်းကို အနုပညာရှင် အချင်းချင်း လည်း ချစ်ခင်ခြင်းကို ခံရသူဖြစ်ပါတယ်။

Photo Credit : Htet Aung Shine Facebook
Photo Credit : Htet Aung Shine Facebook

ထက်အောင်ရိူင်းကတော့ ပရိသတ်တွေကို အမိုက်စားပုံစံတွေနဲ့ ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ သူရဲ့ မျက်နှာက မိန်းကလေးတွေကြွေသွားစေနိင်လောက်အောင် ဆွဲဆောင်မှုပြည့်နဲ့ ခန့်ညားလွန်းတာလည်းဖြစ်ပါတယ်။သူကတော့ နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးနေပြီ ဖြစ်ပြီး ဖော်ရွေဖြူစင်တဲ့ အပြုံးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

Photo Credit : Htet Aung Shine Facebook
Photo Credit : Htet Aung Shine Facebook

သူကတော့ နှုတ်ခမ်းနီ မလေးတွေရဲ့ အချစ်ကို မျက်ဝန်းလေးတွေနဲ့ ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထက်အောင်ရိူင်းကို ပရိသတ်တွေက ချောမောပြီး သန့်ပြန့်တဲ့ ရုပ်ရည်လေးကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာဆန်ဆန်ပုဆိုးလေးနဲ့ ခန့်ညားပြီးဆွဲဆောင်မှုရှိလွန်းတဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Htet Aung Shine Facebook
Photo Credit : Htet Aung Shine Facebook

Source:Htet Aung Shine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။