မင်းသမီးချောလေး အေးဝတ်ရည်သောင်း ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက်က နေရာတစ်ခုကို အခိုင်အမာရပ်တည်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အေးဝတ်ရည်သောင်း က ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ကျရာ ဇာတ်ဆောင်ကို ပိုမိုပြောင်မြောက်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့အတူ အောင်မြင်မှုတွေ ရရှိနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေးဝတ်ရည်သောင်းကို ချစ်စနိုးနဲ့ မအေးသောင်းလို့လည်း တစ်မျိုးခေါ်ခဲ့ကြပါသေးတယ်။

Photo Credit - Aye Thaung's Facebook
Photo Credit - Aye Thaung's Facebook

ယခုတစ်ခါမှာလည်း အေးဝတ်ရည်သောင်း က ကချင်ပြည်နယ်မှာရှိတဲ့ မေခ နှင့် မလိခ မြစ်ဆုံရဲ့ ကျောက်တုံးလေးတွေပေါ်မှာ ကချင်ရိုးရာဝတ်စုံလေးကို ဝတ်ပြီး ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာဆိုရင်လည်း အေးဝတ်ရည်သောင်းက ကချင်ရိုးရာဝတ်စုံလေးနဲ့ ကချင်မလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ ပရိသတ်တွေကို ညို့ယူဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် တောင်တန်းကြီးတွေ ပတ်လည် ဝိုင်းနေတဲ့ မေခ နှင့် မလိခ မြစ်ဆုံး မှာ ပြုံးပျော်ရွှင်နေတဲ့ အေးဝတ်ရည်သောင်းကိုတော့ မြင်သူတကာရဲ့ ရင်ထဲမှာ ပျော်ရွှင်မှုတွေကူးစက်စေမှာအမှန်ပါနော်..။

Photo Credit - Aye Thaung's Facebook
Photo Credit - Aye Thaung's Facebook

ပရိသတ်ကြီးကလည်း ကချင်ရိုးရာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်လေးတွေကို အသည်းတွေပေးလိုက်ပါဦးနော်…။ ကချင်ပြည်နယ်ရဲ့ သဘာဝအလှတရားတွေနဲ့အတူ ကချင်ရိုးရာ ဝတ်စုံလေးနဲ့ လှနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ ကချင်မလေးတစ်ယောက်လိုချောမောလှပနေတဲ့ အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aye Thaung's Facebook
Photo Credit - Aye Thaung's Facebook

Photo Credit - Aye Thaung's Facebook

Source - Aye Thaung's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။