ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းတဲ့အပြင် ပါးချိုင့်အပြုံးချိုချိုလေးတွေနဲ့ မြင်သူတိုင်းကို အချစ်ပိုစေတဲ့ သရုပ်ဆောင် မင်းသမီးချောလေးကတော့ မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော အေးမြတ်သူပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေနဲ့ မိသားစုကိုသာ အဖော်ပြုပြီး အိမ်ထောင်မပြုသေးတဲ့ အပျိုကြီးမမ မမြတ်လေးကတော့ သူမလေးစားအားကျရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုလည်း အိမ်ထောင်မပြုစေချင်ဘဲ လူပျိုကြီးပဲ လုပ်စေချင်တယ်ဆိုပြီး ပြောလာပါတယ်နော်..။


Photo Credit – Amamzing Grace Pgotography
Photo By Myanmarload

“လူပျိုကြီးတွေဆိုတာ ဉာဏ်ရည်ထက်မှ လူပျိုကြီးဖြစ်တာ အိမ်ထောင်မပြုစေချင်ဘူး ကိုစိုင်းကို အမြဲအများပိုင်နာမ်ပဲ ဖြစ်စေချင်တယ် အမြဲတမ်းချစ်နေလို့ရတယ်လေ ကိုစိုင်းရဲ့Fan တစ်ယောက်အနေနဲ့ပြောတာ ကိုစိုင်းကို ဘယ်တော့မှ အိမ်ထောင်မပြုစေချင်ဘူး..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

မော်လ်ဒယ်ပေါက်စကတည်းက စိုင်းစိုင်းကို အရမ်းအားကျခဲ့ပြီး လူတွေရဲ့အာရုံတွေကို သူ့ဆီရောက်အောင် ဖမ်းစားထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ဘယ်လောက်ပဲ ဝေဖန်တိုက်ခိုက်ခံရ ခံရ ဘယ်တော့မှအပြုံးမပျက်၊ ဘယ်တော့မှလည်း မကောင်းတဲ့ဘက်ကို မတွေးသလို မကောင်းတဲ့ဘက်ကနေ ပြန်မရှင်းဘဲ အမြဲတမ်းအပြုံးနဲ့ ရယ်စရာလေးတွေ ဟာသလေးတွေနှောပြီးပြောတာလေးတွေကို အရမ်းသဘောကျတယ် ဆိုပြီးတော့လည်း လေးစားအားကျရတဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။


Photo Credit – Amamzing Grace Pgotography
Photo By Myanmarload

“အေးမြတ်သူက မိန်းမတစ်ယောက်ဖြစ်တဲ့အခါကျတော့ ကိုယ့်ဘာသာရပ်တည်ရတာ ခက်ခဲပါတယ် အေးမြတ်သူလည်း အချိန်တစ်ခုမှာ အိမ်ထောင်ပြုပါမယ် အိမ်ထောင်ပြုဖို့ အသက်နည်းနည်းကျော်သွားပေမယ့် စိတ်မပူပါဘူး ကိုယ့်ကိုကိုယ် ကျန်းမာအောင်နေတယ် တက်ကြွနေအောင်နေတယ် အိမ်ထောင်ကျတဲ့အခါလည်း ဘယ်လိုမျိုးကျန်းမာရေးနဲ့ ညီညွှတ်အောင်နေရမလဲ စဉ်းစားတယ် အေးမြတ်သူက (၂၀၂၀)မှာ အိမ်ထောင်ပြုချင်ခဲ့တာ အခု(၂၀၂၀)ရောက်ပြီ မပြုဖြစ်လောက်တော့ဘူးဆိုတော့ (၂၀၂၂)လောက်တော့ ပြုဖြစ်မယ်ထင်တာပါပဲ ..” ဆိုပြီးတော့လည်း သူမအိမ်ထောင်ပြုမယ့်အကြောင်းလေးကိုလည်း မမြတ်လေးက ပြောပြထားပါသေးတယ်နော်..။

အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုတတ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် မမြတ်လေး ပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာမို့ အားလုံးပဲ သဘောကျနေကြမှာပါနော်..။


Photo Credit – Amamzing Grace Pgotography
Photo Credit – Amamzing Grace Pgotography

Photo Credit – Amamzing Grace Pgotography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။