အသံပါဝါအားကောင်းကောင်းနဲ့ဆယ်စုနှစ်နှစ်ခုနီးပါးတိုင်အောင်အောင်မြင်မှုရရှိထားတဲ့သူကတော့ အဆိုတော်အာဇာနည်ပါ။ အာဇာနည်သီဆိုခဲ့သောသီချင်းများဟာ ပရိတ်သတ်များကြားထဲတွင် ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး ဂီတလောကရဲ့ ဆရာတစ်ဆူလို့ပင်တင်စားလို့ရပါတယ်။ ဒါ့ပြင်အဆိုတော်အာဇာနည်ဟာ သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုတည်ထောင်ထားပြီး ချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတာပါ။


Photo Credit-Zarni Myonyunt's Facebook
Photo Credit-Zarni Myonyunt's Facebook

မကြာသေးမီကအာဇာနည်ဟာ သူ့ရဲ့facebookစာမျက်နှာတွင် သားငယ်လေးချစ်ချစ်တုန်ရဲ့နှစ်နှစ်ပြည့်မွေးနေ့မှာ ဘုန်းဘုန်းအရှင်ဆေကိန္ဒနဲ့သံဃာတော်များအားနေ့ဆွမ်းနှင့်နဝကမ္မဆပ်ကပ်လှူဒါန်းခဲ့ကြောင်းကိုတင်ပေးခဲ့ပါတယ်။ အာဇာနည်တို့ဟာ မိသားစုစုံစုံလင်လင်နဲ့ကုသိုလ်ကောင်းမှုပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ သားငယ်လေးနှစ်ယောက်ကလည်းပုဆိုးဆင်တူလေးတွေဝတ်ကာတရားနာပြီးကုသိုလ်ကောင်းမှုလုပ်ရင်းပျော်နေတာပါနော်။


Photo Credit-Zarni Myonyunt's Facebook
Photo Credit-Zarni Myonyunt's Facebook

အာဇာနည်ဟာလတ်တလောတွင် မိသားစုကိုအချိန်ပေးရင်းပျော်ရွှင်နေတာပဲဖြစ်ပါတယ်. ပရိတ်သတ်ကြီးရောအာဇာနည်တို့မိသားစုလေးကိုအားကျတယ်မလား။ မွေးနေ့အလှူလေးမှာပျော်နေတဲ့အာဇာနည်တို့မိသားစုရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Zarni Myonyunt's Facebook
Photo Credit-Zarni Myonyunt's Facebook

Source-Zarni Myonyunt's Facebook

Photo Credit-Zarni Myonyunt's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။