ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းတဲ့အပြင် ကလေးတစ်ယောက်လို ပွင့်လင်းပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေအမြဲအချစ်ပိုနေကြရသူလေးကတော့ သရုပ်ဆောင်မင်းသမီးချော သက်မွန်မြင့်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ကလေးနှစ်ယောက်မေမေဖြစ်ပေမယ့်လည်း တစ်သားမွေးတစ်သွေးလှနေသလို ယနေ့အချိန်ထိ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေတာကိုလည်း ပရိသတ်တွေအသိပါပဲနော်..။


Photo Credit – Amazing Grace Photography
Photo Credit – Amazing Grace Photography

ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ချစ်သက်လေးကတော့ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ စိုင်းစိုင်း ဖြိုးငွေစိုးတို့နဲ့အတူ “ဝင်္ကပါလမ်းမများ” ဇာတ်လမ်းတွဲမှာအတူ သရုပ်ဆောင်မှာဖြစ်ပြီး ငယ်သူငယ်ချင်းတွေနဲ့အတူ အခမ်းအနားပွဲတက်ရင်း ဖြိုးငွေစိုးနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် စနောက်ကာ အူတက်အောင် ခွီနေကြပါတယ်နော်..။

မခံချင်အောင် လိုက်စနေတဲ့ ဖြိုးငွေစိုးကို ပြန်လည်ချေပရင်း နှစ်ယောက်သား ခွီနေကြသလို ဟက်ကက်နဲ့စိုင်းစိုင်းကို ပေးစားလိုက်ချင်တယ်ပြောပြီး တစ်ယောက်နဲ့တစ်ယောက် ခွီနေကြတာကလည်း ပရိသတ်တွေကို တကယ်ပဲ သဘောကျစေမှာပါနော်..။


Photo Credit – Amazing Grace Photography
Photo Credit – Amazing Grace Photography

“သက်မွန်က ရန်ကုန်စရောက်တုန်းက လက်ဝှေ့ထိုးမလို့ ချင်းပြည်နယ်လက်ရွေးစင်လက်ဝှေ့မယ်ဆိုပြီး စနောက်နေသလို စိုင်းစိုင်းက အခုအချိန်ထိ လူပျိုကြီးဖြစ်နေတဲ့အပေါ်မှာလည်း တကယ်လုပ်ပေးလို့ရရင် ယူပေးလိုက်ချင်တယ် သူတို့လည်း ပင်ပန်းတယ် ဒီကိစ္စခဏခဏပြောရမှာ တစ်ယောက်ယောက် ယူပေးလိုက်တယ် ဟက်ကက်နဲ့ စိုင်းစိုင်းကို ပေးစားလိုက်မယ် ..” ဆိုပြီးတော့လည်း အရွှန်းဖောက်ကာ နှစ်ယောက်သား စနောက်ပြီး ခွီနေကြတာလေးကလည်း မြင်သူတိုင်းကို အပျော်လေးတွေ ကူးစက်စေမှာပါနော်..။

“ငယ်သူငယ်ချင်းတွေနဲ့ တွေ့တိုင်း ကလေးပြန်ဖြစ်သွားတယ်ဆိုတာက စတွေ့ခဲ့ကြတဲ့အချိန်က စိတ်ပေါ့နော် အဓိကတော့ ငယ်သူချင်းတွေနဲ့ ဆုံတိုင်း ငယ်ငယ်တုန်းကစိတ်အတိုင်းပဲ ငယ်ငယ်တုန်းက အကြောင်းတွေပြောကြတယ် ရင်းနှီးမှုက ငယ်ငယ်တုန်းက ရင်းနှီးမှုအတိုင်းပဲဆိုတော့ အဲ့ဒီအတိုင်းပဲ ပြန်ဖြစ်သွားလို့ပါ ..” ဆိုပြီးတော့လည်း သက်မွန်က ပြောပြထားသေးတာမို့ ဖြိုးငွေစိုးနဲ့ သက်မွန်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit – Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။