ဂိမ်းတွေထဲမှာဆိုရင် Sport ဂိမ်းတွေဟာ မပါမဖြစ်ပါပဲ။ လူတိုင်းဟာ အပြင်လောကမှာ ယှဉ်ပြိုင်ကစားရတာကြိုက်ပေမဲ့ လူတိုင်းက တကယ်လက်တွေ့ဘဝမှာ မယှဉ်ပြိုင်နိုင်ကြပါဘူး။ အဲ့လိုအခါတွေမှာဆိုရင် ဂိမ်းထဲမှာ ယှဉ်ပြိုင်ကစားကြတော့တာပါပဲ။ တချို့ကျတော့လဲ အရူးအမူးဖြစ်လို့ ကစားကြတာဖြစ်ပါတယ်။ ပြိုင်ကားဂိမ်းတွေဟာဆိုရင်လဲ ဘောလုံးဂိမ်းတွေလိုပဲ ကစားရတာကြိုက်နှစ်သက်တဲ့သူများပါတယ်။ 

ခုဖော်ပြမယ့် ဂိမ်းကတော့ ပြိုင်ကားဂိမ်းတွေကို Crazy ဖြစ်တဲ့ ပရိသတ်တွေတော်တော်များများသိကြမှာပါ။ ဂိမ်းနာမည်ကတော့ မနှစ်ကပါ ထွက်ရှိထားခဲ့တဲ့ Asphalt 9 ပဲဖြစ်ပါတယ်။ ဒီဂိမ်းကို လူတော်တော်များများ နာမည်ရင်နှီးပြီးသာ ဖြစ်မှာပါ။ Need For Speed တို့လို ပြိုင်ကား Only ကြီးပဲ ယှဉ်ပြိုင်ကစားရပြီး ရဲတွေဆိကနေ လွတ်အောင်ပြေးရတဲ့ Mode ကလဲ ကစားလို့ကောင်းပါတယ်။ 

Asphalt 9 ဟာဆိုရင် Asphalt 8 ကိုလုပ်ခဲ့တဲ့ Creator ကပဲဆက်လက် လုပ်ဆောင်ထားတာဖြစ်ပြီး အရင်ကထက် ပိုမို ဆန်းသစ်လာပြီး Map အသစ်တွေတော်တော်များများပါလာခဲ့ပါတယ်။ ကားတွေကိုယှဉ်ပြိုင်ရင် တိုက်ရတာကလဲ ပရိသတ်တွေကို အကြိုက်တွေ့စေမှာပါ။ Ferrari, Porsche, Lamborghini နဲ့ W Motors စတဲ့ နာမည်ကျော် Company တွေရဲ့ကားတွေအပြင် များစွာသော အပြင်မှာမထုတ်ရသေးတဲ့ ကားတွေလဲပါဝင်ပါတယ်။ လက်တွေ့လောကမှာ ပြိုင်ကားတစ်စီးပိုင်ပြီး Pro မကျသေးပေမဲ့လဲ Game ထဲမှာတော့ သင်ဟာ Pro တစ်ယောက်ဖြစ်နိုင်တာမို့ ဆော့ကစားကြည့်ပြီး အမြင်လေးတွေ ပြန် Share လိုက်ပါအုန်း။ အင်တာနက်တော့လိုပါတယ်။ 

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။