ပရိသတ်ကြီးရေ.. ရွှေကစ်လေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီမင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ယောကျ်ားလေးပရိသတ် မိန်းကလေးပရိသတ်မရွေး အားလုံးက သည်းသည်းလှုပ် ချစ်ခင်နေကြသူလေးပါနော်..။

ပီပြင်တဲ့ ဇာတ်ရုပ်တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးထားတဲ့ ရွှေကစ်လေးကိုတော့ ပရိသတ်တွေက ဒီနှစ်အတွက်အကယ်ဒမီကိုလည်း မှန်းပေးနေကြပြီး ရွှေကစ်လေးကလည်း သူမရဲ့အကယ်ဒမီရင်ခုန်သံနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်..။


Photo Credit - Li John Photography
Photo Credit - Li John Photography

ရွှေကစ်လေးကတော့ သူမအနေနဲ့ အကယ်ဒမီကို နှစ်တိုင်း မမျှော်လင့်ဘဲ ကိုယ်လုပ်တဲ့အနုပညာအလုပ်ကို အကောင်းဆုံးလုပ်ခဲ့သလို ပရိသတ်တွေလည်း ကျေနပ်တယ်ဆိုတာနဲ့တင် တော်တော်လေးကို ပျော်နေပါပြီဆိုပြီးတော့ ပြောပြထားတာ ဖြစ်ပါတယ်နော်..။

(၂၀၂၀)မှာ အလုပ်တွေလည်း ပိုပြီးတော့ များမှာဖြစ်သလို အလုပ်များနေတဲ့အချိန်မှာ ကျန်တာမစဉ်းစားမိဘဲ အလုပ်ပဲစဉ်းစားမိပြီး အကယ်ဒမီကိုတော့ နှစ်တိုင်းမမျှော်ပေမယ့် ရခဲ့ရင်လည်း ပျော်မှာပေါ့ဆိုပြီးတော့ ချစ်စဖွယ်လေး ပြောပြထားတာပါနော်..။


Photo By Myanmarload
Photo Credit - Li John Photography

ပိုက်ဆံက စုတဲ့အခါလည်း ကိုယ်ဖြစ်ချင်တာလေးတွေတော့ ရှိတာပေမယ့် မိသားစုအတွက် လိုအပ်တာလေးတွေ အရင်ဖြည့်ပေးကာ ပြီးမှ သူမအတွက် ကိုယ်ဖြစ်ချင်တာလေးတွေ ဖြစ်အောင်လို့တော့ အမြဲတမ်း အစီအစဉ်လေးနဲ့ သွားတဲ့အကြောင်းလေးတွေကိုလည်း ရွှေကစ်လေးက ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ ရွှေကစ်လေးရဲ့ ပရိသတ်တွေအတွက် သူမရဲ့ အကယ်ဒမီရင်ခုန်သံတွေအပြင် (၂၀၂၀) အနုပညာအလုပ်တွေအကြောင်း ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit - Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။