မိမိရဲ့ စိတ် ကြည်လင်နေဖို့ဆိုတာ နေထိုင်ရာပတ်ဝန်းကျင်နဲ့ အများကြီးသက်ဆိုင်ပါတယ်။ အနီးအနားမှာရှိတဲ့ အရာဝတ္ထု၊ ပစ္စည်းတွေ ရှုပ်ပွနေမယ်ဆို မိမိရဲ့ စိတ်လည်း မကြည်လင် မပြတ်သားတော့ပါဘူး။ အဲ့လို စိတ် မကြည်လင်၊ မပြတ်သားတာက ကိုယ့်တစ်ယောက်တည်း ရှိနေတဲ့ အချိန်ဆို ပြဿနာသိပ် မဟုတ်ပေမယ့် လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းမှာ နေ့တစ်ဒူဝ ကျင်လည်လှုပ်ရှားလာရတဲ့အခါမှာတော့ စကားပြောစရာတွေ ဖြစ်လာပါပြီ။ အရှင်းဆုံးပြောရရင် ရုံးမှာ မိမိထိုင်တဲ့ အလုပ်စားပွဲခုံကို သန့်ရှင်းအောင်ထားတာနဲ့ မထားတာဟာ အများကြီး ကွာခြား သက်ရောက်မှုတွေရှိနေပါတယ်။
အပါတ်စဉ် တနင်္လာကနေ၊ သောကြာနေ့ထိ (အချို့ကျတော့ စနေနေ့ထိပေါ့) အလုပ်ဆင်းရတဲ့ ရုံးတွေမှာ မိမိထိုင်တဲ့ စားပွဲခုံကို တစ်နေ့ကို တစ်ကြိမ်လောက်တော့ သန့်ရှင်းရေး လုပ်သင့်ပါတယ်။ အချို့ကုမ္ပဏီတွေမှာဆို အပါတ်စဉ် တစ်ယောက်ချင်းစီတိုင်းကို တာဝန်ပေးထားပြီး အလှည့်ကျရာ ရုံးသန့်ရှင်းရေးပိုင်းကို လုပ်ဆောင်ရတာတွေ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံခြား အခြေစိုက် ကုမ္ပဏီတွေမှာ တွေ့ရတာတတ်ပါတယ်။ ဒါဟာ မသိခင်တုန်းက ညိုညင်စရာကိစ္စလို့ ထင်ရပေမယ့် လက်တွေ့လုပ်ကြည့်တဲ့အခါမှာ မိမိအတွက် တစ်ကယ်အကျိုးရှိပါတယ်။
တစ်ကယ်လို့ မိမိလုပ်နေတဲ့ ရုံးက သန့်ရှင်းပိုင်းနဲ့ ပတ်သက်ပြီး တာဝန်ချမှတ်ပေးထားတာမျိုး မရှိရင်တောင် ကိုယ့်အသိစိတ်နဲ့ကိုယ် ထိုင်နေကျ အလုပ် စားပွဲခုံပဲဖြစ်ဖြစ်၊ ထမင်းစားတဲ့ နေရာပဲဖြစ်ဖြစ်၊ အမှိုက်ပြည့်နေတဲ့ ပုံးကို အပြင်မှာ သွားသွန်ပေးတာပဲ ဖြစ်ဖြစ် ပြုလုပ်ပေးသင့်ပါတယ်။ အဲ့လိုမျိုးတွေ လုပ်လိုက်ရလို့ ကိုယ်ဟာ သန့်ရှင်းရေး သမားနေရာ ရောက်သွားပြီလားဆိုပြီး အတွေး မချော်လိုက်ပါနဲ့။ အမြင်မတော်တာကို လက်ပိုက်မကြည့်နဲ့ဘဲ၊ မိမိ အသိစိတ်နဲ့ လုပ်ပေးလိုက်ခြင်းက အော်တိုမစ်တစ် ကိုယ့်ရဲ့ role ကိုလည်း မြှင့်ပြီးသား ဖြစ်သွားမှာပါ။ ကိုယ့်ရဲ့ ရုံးအလုပ်တွေကို ပစ်ပြီး သမ္ဗနပေါင်းစုံ သန့်ရှင်းရေးအလုပ်တွေကို လိုက်လုပ်နေရမယ်လို့ မဆိုလိုပါဘူး။ ပုံမှန် တစ်နေ့ကို ၈ နာရီလောက် အလုပ်လုပ်နေရတဲ့ မိမိ ရုံးစာပွဲခုံလေးမှာ ရှုပ်ပွနေတာမျိုးမဖြစ်စေဘဲ အမြဲသန့်ရှင်းအောင် ထားခြင်းဖြင့် စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်တာဝန်တွေကို ပြီးမြောက်အောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
သတင်းအရင်းမြစ် Mg Thit Sar
မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။