ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမကို စူစူလို့ချစ်စနိုးနဲ့ခေါ်ဆိုကြတာပဲဖြစ်ပြီး ကလေးတစ်ယောက်လိုနှုတ်ခမ်းလေးစူကာ ချစ်စရာကောင်းလွန်းတာကြောင့် ပုရိသတွေက တစ်ခဲနက်ဝန်းရံအားပေးကြတာပါ။

Photo Credit- Ei Chaw Po’s Facebook
Photo Credit- Ei Chaw Po’s Facebook
Photo Credit- Ei Chaw Po’s Facebook

စူစူဟာ ဗီဒီယိုဇာတ်ကားများမှရိုက်ကူးရာမှတစ်ဆင့် ယနေ့ချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မအားလပ်အောင်ရိုက်ကူးနေရတဲ့ ထိပ်လေးတန်းမင်းသမီးနေရာကို   ရောက်ရှိလာတာပဲဖြစ်ပါတယ်။ သူမရဲ့ရှုတင်နားချိန်လေးတွေမှာလည်း ပရိသတ်တွေအတွက် Tik Tok Video လေးတွေ ဆော့ကစားကာ တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ စူစူဟာ ပြင်ဦးလွင်တွင် မင်းသား မြင့်မြတ်နဲ့အတူ " အထိန်းတော်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Ei Chaw Po’s Facebook
Photo Credit- Ei Chaw Po’s Facebook
Photo Credit- Ei Chaw Po’s Facebook

မနေ့ညကလည်း သူမရဲ့ Tik Tok အကောင့်တွင် ဗီဒီယိုအသစ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ကုလားသီချင်းလေးကိုနောက်ခံထားကာ ကနေကြတဲ့ Tik Tok Video လေးပါ။ ပရိသတ်တွေအတွက် ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကိုထင်ရှားပေါ်လွင်အောင်အပီဒွန့်ပြထားတဲ့ အိချောပိုရဲ့Tik Tok Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Ei Chaw Po’s Tik Tok Account

Photo Credit- Ei Chaw Po’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။