ဇန်နဝါရီလ (၁၄.၁.၂၀၂၀) အင်္ဂါနေ့ ညနေ ဖိလစ်ပိုင်စံတော်ချိန် (ရး၃၀) (မြန်မာစံတော်ချိန် ညနေ ၆း၀၀) မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ရီဇယ်မန်မိုရီရယ် ဘောလုံးကွင်းကြီးမှာ ဖိလစ်ပိုင်ကလပ်အသင်း ဆဲရက်စ်နီဂရိုးစ်အသင်းနဲ့ မြန်မာကလပ်အသင်း ရှမ်းယူနိုက်တက်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ဖြစ်တဲ့ ဦးအောင်နိုင်က "ကျနော်တို့ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ တစ်ပွဲကစားပြီးပါပြီ။ အဲ့ပွဲပြီးပြီးချင်း ACL ပွဲစဉ်အတွက် ဖိလစ်ပိုင်ကို ထွက်လာခဲ့တာပါ။ ဒါကြောင့်မို့ ဒီပြိုင်ပွဲအတွက် သီးသန့်ပြင်ဆင်ထားတာမျိုးတော့ မရှိပါဘူး။ ပြင်ဆင်ချိန်လည်း မရှိပါဘူး။ ပြိုင်ဘက်အသင်းရဲ့ ကစားပုံနဲ့ ကစားသမားအချို့ကိုတော့ လေ့လာထားပါတယ်။ ဒဏ်ရာအခြေအနေကတော့ ဒီကိုမလာခင် ပြည်တွင်းမှာ ကစားခဲ့တဲ့ လိဂ်ပြိုင်ပွဲမှာ အဓိက ခံစစ်မှူးတစ်ယောက်တော့ ဒဏ်ရာ ရသွားလို့ ချန်ထားခဲ့ရပါတယ်။ဆဲရက်စ်နီဂရိုးစ်အသင်းက အသင်းကောင်းတစ်သင်းဖြစ်သလို အိမ်ကွင်းမှာ ပိုပြီး မာကျောတဲ့အသင်းပါ။ ဒီအသင်းကို ကျနော်တို့ လေးလေးစားစားနဲ့ သတိထားယှဉ်ပြိုင်မှာပါ။ အရင်တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ ဒီအသင်းကို ပွဲတိုင်းရှုံးခဲ့တာမို့ ဒီတစ်ခါတော့ အနိုင်ရအောင် ကြိုးစားမှာပါ။"ဆိုပြီး ပြောကြားခဲ့ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ထို့နောက် အသင်းခေါင်းဆောင် ဖြစ်တဲ့ သီဟစည်သူ ကလည်း "ကျနော်တို့အသင်းအနေနဲ့ အဝေးကွင်း လာရောက်ယှဉ်ပြိုင်ရတယ်ဆိုပြီး ဖိအားဖြစ်နေတာမျိုး မရှိပါဘူး။ ဆဲရက်စ်နီဂရိုးစ်အသင်းလို အသင်းကောင်းနဲ့ ရင်ဆိုင်ရတဲ့အခါ နံပါတ်တစ်အနေနဲ့ လေးစားမှုအပြည်နဲ့ ယှဉ်ပြိုင်ကစားမယ်။ နံပါတ်နှစ် အနေနဲ့ နည်းပြရဲ့ ညွှန်ကြားချက်တွေကို သေသေချာချာလိုက်နာပြီး စည်းလုံးမှု အပြည့်နဲ့ ရင်ဆိုင်မှာပါ။"ဆိုပြီးပြောခဲ့ပါတယ်။

Photo Credit - Shan United FC

Source - Shan United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။