အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအတွက် ဖိလစ်ပိုင်နိုင်ငံမှာ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပြီး ဖိလစ်ပိုင်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းကတော့ ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် ပထမဆုံး ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရာမှာလည်း ရုံးနိမ့်ခဲ့ပါတယ်။ ယခု ခြေစစ်ပွဲမှာလည်း ရှမ်းယူနိုက်တက် ပရိသတ်တွေအတွက် ဘယ်လိုရလဒ်တွေပေးစွမ်းနိုင်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားနေပြီလည်းဖြစ်ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ဒီနေ့ ညနေ ဖိလစ်ပိုင်စံတော်ချိန် (ရး၃၀) (မြန်မာစံတော်ချိန် ညနေ ၆း၀၀) မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ရီဇယ်မန်မိုရီရယ် ဘောလုံးကွင်းကြီးမှာ ဖိလစ်ပိုင်ကလပ်အသင်း ဆဲရက်စ်နီဂရိုးစ်အသင်းနဲ့ မြန်မာကလပ်အသင်း ရှမ်းယူနိုက်တက်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။တနင်္လာနေ့ညနေပိုင်း (ရး၃၀) အချိန်ကလည်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ရီဇယ်မန်မိုရီရယ် ဘောလုံးကွင်းမှာရှမ်းယူနိုက်တက်အသင်းကတော့ ကြိုတင်လေ့ကျင့်မှုတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ပွဲစဉ်ကို ဖိလစ်ပိုင်ပြည်တွင်းရုပ်သံလိုင်းတစ်လိုင်းဖြစ်တဲ့ 5PLUS ရုပ်သံလိုင်းနဲ့ ESPN5 YouTube ကနေ (ဖိလစ်ပိုင်ပြည်တွင်း အတွက်သာ) တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ မြန်မာပြည်က စောင့်မျှော် အားပေးချင်ကြတဲ့ ပရိသတ်များအတွက် တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် နည်းလမ်းကို ပွဲမတိုင်မီ အသိပေးကြေငြာပေးသွားပါမယ်။

Photo Credit - Shan United FC

Source - Shan United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။