အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ အနုပညာမျိုးရိုးကနေ ဆင်းသက်လာသူဖြစ်ပြီး သူမကိုယ်တိုင်လည်း အနုပညာအလုပ်တွေကို ဝါသနာပါသူလေး ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေရိုက်ကူးခဲ့ရတဲ့အပြင် အဆိုတော်အဖြစ်ပါ တစ်ကိုယ်တော်အခွေတွေထွက်ရှိအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို သီချင်းဆိုလည်းကောင်းတဲ့စန္ဒီမြင့်လွင်ကို ပရိသတ်တွေက အမြဲဝန်းရံအားပေးနေရတာပဲ ဖြစ်ပါတယ်။

Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB

လက်ရှိမှာတော့ စန္ဒီမြင့်လွင်အနေနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။ Treasure လေးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးချောလေးက ပါးဖောင်းဖောင်းလေးတွေနဲ့ အသည်းယားစရာကောင်းတဲ့ အမေတူသမီးလေး ဖြစ်ပါတယ်။ ဒီနေ့ဇန်နဝါရီလ (၁၄) ရက်နေ့မှာတော့ ပရိသတ်အချစ်တော် Treasure လေးက အသက် (၆)လတိတိပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB

ဒါကြောင့် မေမေစန္ဒီမြင့်လွင်က " သမီးနာမည် *ခင်လင်းထင် * ပါ ၉မိုင်မှာနေပါတယ် အိမ်နာမည်က Treasure ပေါ့ဒါကိုအားလုံးသိပါတယ်ဒီနေ့သမီး ၆လပြည့်ပီ လူကြီးဖြစ်ပြီထင်ပါတယ် သမီးမေမေအဆိုတော်မို့ သမီးလဲအဆိုတော်ဖြစ်ချင်တယ် " ဆိုပြီး သမီးလေးရဲ့မွေးနေ့မှာ အမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasure ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Sandy Myint Lwin's FB 

Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။