ရုပ်ရှင်တစ်ကားနဲ့တစ်ကားကို ကာရိုက်တာမထပ်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီးချောလေးကတော့ သရုပ်ဆောင် သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်မှုတွေ သဘာဝကျမှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုတွေလည်း ရရှိထားသူ ပြည်သူချစ်မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ချစ်သက်ရဲ့ လှုပ်ရှားမှုတိုင်းလည်း ပရိသတ်တွေက စောင့်မျှော်အားပေးနေရတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Thet Mon Myint's Facebook
Photo Credit - Thet Mon Myint's Facebook
Photo Credit - Thet Mon Myint's Facebook
Photo Credit - Thet Mon Myint's Facebook

လတ်တလောမှာတော့ ချစ်သက်တစ်ယောက် သူငယ်ချင်းတွေနဲ့အတူ အိန္ဒိယ နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ခရီးသွားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း ချစ်သက်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit - Thet Mon Myint's Facebook
Photo Credit - Thet Mon Myint's Facebook
Photo Credit - Thet Mon Myint's Facebook
Photo Credit - Thet Mon Myint's Facebook

ဒါကတော့ အိန္ဒိယ အမျိုးသမီးကြီးနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ပျော်ပျော်ပါးပါး ကခုန်နေကြတဲ့ သက်မွန်မြင့်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ချစ်သက်နဲ့အတူ သူငယ်ချင်းတွေဖြစ်ကြတဲ့ မပုံ့ ၊ ယုသန္တာတင်၊ ခင်လေးနွယ်တို့ပါအတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချစ်သက်ရဲ့ Live Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Thet Mon Myint's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။