ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့စမိုင်းလ်ကတော့ ချစ်စရာသမီးလေးနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ချစ်ခင်ပွန်းရဲ့ယုယကြင်နာမှုတွေအောက်မှာ ပျော်ရွှင်စရာမိသားစုလေးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့မိသားစုဘဝလေးကို ပရိသတ်တွေကလည်းအားကျကြပြီး သူတို့ရဲ့ပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်အားပေးကာ ချစ်ခင်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

စမိုင်းလ်တို့မိသားစုက အလှူအတန်းဆိုလည်းရက်ရောကြပြီး တတ်နိုင်သလောက်ကို မကြာခဏလှူဒါန်းနေတာဖြစ်တဲ့အပြင် ကုသိုလ်ရေးတွေအရမ်းလုပ်တာဖြစ်ပါတယ်။(၁၂.၁.၂၀၂၀)ရက်နေ့တုန်းကဆိုရင် စမိုင်းလ်က လူပေါင်း(၁၂၀၀)ကျော်ကိုဦးဆောင်ပြီး ရန်ကုန်မြို့ကြီးမှာ အဓိဌာန်ဝင်ခဲ့ကြတာပါ။စမိုင်းလ်ကတော့ စိတ်သဘောထားလေးလည်းပြည့်ဝပြီး ရိုးရှင်းပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

စမိုင်းလ်ကတော့ မိသားစုအပေါ်မှာလည်းလိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတဲ့ အိမ်ရှင်မကောင်းတစ်ယောက်လည်းဖြစ်ပါတယ်နော်။သမီးကြီးလေးပေါ်ရှာရဲ့မွေးနေ့မှာလည်း မိသားစုတွေစုံစုံညီညီနဲ့ရွှေတိဂုံဘုရားပေါ်တက်ကာ ဘုရားဖူးကြပြီး လူအယောက်(၁၀၀၀)စာကို စတုဒီသာကျွေးမွေးလှူဒါန်းခဲ့ကြတဲ့ စမိုင်းလ်တို့မိသားစုပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

Photo Credit:Potria Maung's Facebook/Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။