မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ပြည်သူချစ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေတယ်ဆိုတာ အားလုံးကသိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ ချင်းတိုင်းရင်းသူလေးဖြစ်တဲ့ သက်မွန်မြင့်က သူမရဲ့ပရိသတ်တွေအပေါ်မှာ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေအားလုံးက ချစ်သက်ကို အခုချိန်အထိ လေးလေးစားစားနဲ့ ချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။

ခရီးထွက်ရတာ ဝါသနာပါတဲ့ ချစ်သက်က မကြာခဏဆိုသလို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးခရီးထွက်လေ့ရှိတာ ဖြစ်ပါတယ်။ ချစ်သက်တို့အဖွဲ့မှာတော့ ခင်လေးနွယ်၊ ယုသန္တာတင်၊ ဒီဇိုင်နာမပုံ့နဲ့ အခြားသူငယ်ချင်းတွေပါဝင်ကြတာပဲ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ချစ်သက်တို့သူငယ်ချင်းတစ်စုက အိန္ဒိယနိုင်ငံကိုခရီးထွက်နေကြတာဖြစ်ပြီး "The Patrika Gate"ကိုသွားရောက်လည်ပတ်ခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။ 

Photo Credit- Ma Pont's FB
Photo Credit- Ma Pont's FB
Photo Credit- Ma Pont's FB

အခုလည်း ချစ်သက်တို့အဖွဲ့က အိန္ဒိယကိုရောက်တုန်းမှာ ညဈေးပတ်ခဲ့ပြီး ပိတ်စတွေကိုလည်း အလုအယက်ဝယ်ယူခဲ့ကြပါသေးတယ်။ ပျော်ပျော်ပါးပါးနဲ့ ပိတ်စတွေကို ရွေးချယ်ဝယ်ယူနေကြတဲ့ ချစ်သက်တို့အဖွဲ့ရဲ့ပုံရိပ်လေးတွေကလည်း တကယ့်ကိုချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ဈေးဝယ်ထွက်နေတဲ့ ပုံလေးတွေကိုတော့ မပုံ့က " ဒီအဖွဲ့ ညဈေးပတ်တာ ပျော်ဖို့ကာင်းတာ အလုအယက်ဝယ်ကြတာ အများကြီးဝယ်ရတာ နောက်ခရီးအတွက် ဆိုပဲ "ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်သက်တို့သူငယ်ချင်းတစ်စုရဲ့ ပျော်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Ma Pont's FB & Thet Mon Myint's FB 

Photo Credit- Ma Pont's FB
Photo Credit- Ma Pont's FB
Photo Credit- Thet Mon Myint's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။