ကလေးလေးတစ်ယောက်လို ဖြူစင်လွန်းတဲ့ စိတ်ထားလေးကြောင့် လူချစ်လူခင်များနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမကတော့ ဇာတ်ကားတိုင်းကို တစ်ကားနဲ့တစ်ကား ကာရိုက်တာမထပ်ရအောင် သရုပ်ဆောင်နိုင်သူ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ကြိုးစားအားထုတ်မှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုများပါ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Wutt Hmone Shwe Yi's Instagram Stories
Photo Credit - Wutt Hmone Shwe Yi's Instagram Stories
Photo Credit - Wutt Hmone Shwe Yi's Instagram Stories

မကြာသေးခင်ကလည်း ပြည်ပနိုင်ငံကို အပန်းဖြေခရီးသွားရောက်လည်ပတ်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမပါဝင်သရုပ်ဆောင်ထားတဲ့ " မြက်နု " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ မနေ့ညကတော့ ဒီဇာတ်ကားကြီးကို Family Show လေးကို Gold Class တွင် ပြသခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo Credit - Wutt Hmone Shwe Yi's Instagram Stories
Photo Credit - Wutt Hmone Shwe Yi's Instagram Stories
Photo Credit - Wutt Hmone Shwe Yi's Instagram Stories
Photo Credit - Wutt Hmone Shwe Yi's Instagram Stories

ဒီပွဲလေးကိုတော့ သရုပ်ဆောင် လွင်မိုးတို့ဇနီးမောင်နှံအပြင် ရွှေကစ်လေးကို ချစ်ခင်ကြတဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ သူမရဲ့ Instgram Stories တွင်လည်း ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကလေးလေးတွေလို လေဒဟတ်လေးတွေနဲ့ချစ်စရာကောင်းလောက်အောင် ဆော့ကစားနေကြတဲ့ မေတိုးခိုင်နဲ့ရွှေကစ်တို့ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - Wutt Hmone Shwe Yi's Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။