photo credit - RNG

LaNm ကတော့ Dota 2 စပေါ်တဲ့အချိန် 2011 ခုနှစ်လောက်ထဲက Dota 2 ကိုစတင်ကစားလာခဲ့တဲ့ player တစ်ယောက်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ နာမည်ကြီးအသင်းတွေဖြစ်တဲ့ EHOME , TongFu , Vici Gaming , Royal Never Give Up တို့မှာ ကစားခဲ့ဖူးသူတစ်ယောက်ပဲဖြစ်ပါတယ်။

Coach အနေနဲ့ကတော့ EHOME , Vici Gaming နဲ့ Keen Gaming တို့မှာ Coach အဖြစ်ပါ တာဝန်ယူခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

နောက်ဆုံး coach လုပ်ခဲ့တဲ့ အသင်းကတော့Keen Gaming ဖြစ်ပြီး 2019 ခုနှစ် 9 လပိုင်း 14 ရက်နေ့ကနေ 2020 ခုနှစ် 1 လပိုင်း 12 ရက်နေ့အထိသာ လုပ်ခဲ့တာပဲဖြစ်ပါတယ်။

Keen Gaming ကထွက်ပြီးနောက်မှာတော့ LaNm ဟာ တရုတ်နိုင်ငံရဲ့ Tier 2,3 အဆင့်လောက်ရှိတဲ့Team Sirus ကို coach အဖြစ် တာဝန်ယူပေးဖို့အတွက် ပြောင်းရွှေ့လာခဲ့ပါတယ်။

LaNm Coach အဖြစ်တာဝန်ယူမယ့် Team Sirus အသင်းက players တွေကတော့

Po 1 – doddle

Po 2 – Dstones

Po 3 – Guvara

Po 4 – HYM

Po 5 – Mad တို့ပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။