ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ကြောင်ကံကောင်းတို့ကျွန်းဆိုပြီး လူသိများကြတဲ့ တာရှီရိုဂျီမာကျွန်းအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားဖော်ပြပေးသွားမှာပါ။ အဲ့ကျွန်ကြီးဟာ ဂျပန်နိုင်ငံ၊ မီယာဂျီ စီရင်စု၊ အိရှိနိုမာကီ မြို့အနီးမှာတည်ရှိပါတယ်။ ကျွန်းပေါ်မှာ လူနေအိမ်ခြေ ၁၀၀ကျော်ရှိပြီး အများစုမှာ သက်တမ်း နှစ်၆၀ ကျော်နေတဲ့ အိမ်များ ဖြစ်ပါတယ်။ တာရှီရိုဂျီမာ ကျွန်းမှ အိမ်များကို ကြောင်များကသာ အများဆုံး ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။

photo credit pngtree

ဂျပန်နိုင်ငံ သမိုင်းတွင် ၁၈ ရာစု အလယ်မှ ၁၉ ရာစုအလယ် အတွင်း ၊ အီဒို ခေတ်တွင် ကြောင်များ ထိုကျွန်းသို့ စတင်ရောက်ရှိလာခဲ့ကြပါတယ်။အဲ့ခေတ်ခါတုန်းက ကျွန်းပေါ်မှာ ပိုးစာပင်များ စိုက်ပျိုးခဲ့ကြပြီး ကြွက်များကို နှိမ်နှင်းရန် စိုက်ပျိုးရေးသမားများက ကြောင်များကို သယ်ယူလာခဲ့ကြတာပါ။ ကျွန်းပေါ်မှာ ပိုးစာပင် စိုက်ပျိုးရေး လုပ်ငန်းများ ရပ်ဆိုင်းသွားချိန်မှာတော့ ကြောင် အမြောက်အများသာ ကျန်ရစ်နေခဲ့တာ ဖြစ်ပါတယ်။ အဲ့အချိန်မှစ၍ ကျွန်းပေါ်မှာ လူဦးရေ နည်းပါးသွား သော်လည်း ကြောင်အရေအတွက်ကတော့ တိုးပွားလာခဲ့ပါတယ်။

photo credit pngtree

ယနေ့ခေတ်မှာတော့ တာရှီရိုဂျီမာကျွန်းဟာ ငါးဖမ်းလုပ်ငန်း ဖြစ်ထွန်းလျက်ရှိပြီး ငါးဖမ်းသမားများက ကြောင်များကို အစာကျွေး မွေးမြူထားကြပါတယ်။ ကြောင်များကို အစာကျွေးမွေးခြင်းက ကံကောင်းစေတယ်လို့ ငါးဖမ်းသမားများက ယုံကြည်ကြတဲ့အပြင် ကြောင်များအတွက် ဘုရားဝတ်ပြုဆောင် တစ်ခုကိုပါ ဆောက်လုပ်ပေးထားတာ ဖြစ်ပါတယ်။ နှစ်စဉ် ဧပြီလနှင့် နိုဝင်ဘာလများတွင် ကမ္ဘာလှည့် ခရီးသည်များကို တာရှီရိုဂျီမာကျွန်းသို့ လာရောက် လည်ပတ်ခွင့်ပြုထားပြီး ကြောင်ပုံစံ အိမ်ခန်းများတွင် တစ်ညတာ တည်းခိုခွင့်ပြုပါတယ်။ အဲ့ကျွန်းကြီးရဲ့ အရေးကြီးသော ကန့်သတ်ချက်ကတော့ ခွေးများကို လုံးဝခေါ်ဆောင်မလာဖို့ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။