ပရိသတ်ကြီးရေ.. ခေးလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်လေးတွေကြောင့် ယောကျ်ားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

အလှမယ်တစ်ဦးအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ ခေးလေးကတော့ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့အလှတွေအပြင် ဘိုမရုပ်လေးလိုချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပုံရိပ်လေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ..။


Photo Credit - Khin Wint Wah's Facebook
Photo Credit - Khin Wint Wah's Facebook

ပရိသတ်အသည်းကျော်ခေးလေးကတော့ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေအပြင် နိုင်ငံခြားဇာတ်လမ်းတွဲတွေဖြစ်တဲ့ ကိုရီးယားဇာတ်လမ်းတွဲ၊ ယိုးဒယားဇာတ်လမ်းတွဲနဲ့ တရုတ်ဇာတ်လမ်းတွဲတွေ အကုန်ကြည့်ပေမယ့် လတ်တလော ပရိသတ်တွေကြား အရမ်းကို ရေပန်းစားနေတဲ့ ဗိုလ်ကြီးကားကိုတော့ မကြည့်သေးဘူးလို့ ဆိုပါတယ်နော်..။

ခေးလေး ခင်ဝင့်ဝါကတော့ မကြာခင်မှာ ရိုက်ကူးတော့မယ့် “ဝင်္ကပါလမ်းမများ” ဇာတ်လမ်းတွဲမှာလည်း ဒိတ်ဒိတ်ကြဲ အနုပညာရှင်များနဲ့အတူ ရိုက်ကူးသရုပ်ဆောင်သွားမှာ ဖြစ်ပြီး သူမအနေနဲ့ နိုင်ငံခြား ဇာတ်လမ်းတွဲတွေအကုန်ကြည့်ပေမယ့် ဗိုလ်ကြီးဇာတ်ကားကို မကြည့်ရသေးတဲ့ အကြောင်းလေးကိုလည်း ခေးလေးက ချစ်ပရိသတ်တွေကို ပြောပြထားပါသေးတယ်နော်..။


Photo Credit - RBV Photography
Photo Credit - Khin Wint Wah's Facebook

“ဇာတ်လမ်းတွဲတွေ အကုန်ကြည့်ဖြစ်တယ် ကိုရီးယားဇာလမ်းတွဲကြည့်ဖြစ်တယ် ယိုးဒယားဇာတ်လမ်းတွဲကြည့်ြုဖစ်တယ် တရုတ်ဇာတ်လမ်းတွဲကြည့်ဖြစ်တယ် မအားဘူး ဗိုလ်ကြီးကိုတော့ မကြည့်သေးဘူး ဘာလို့လည်းဆိုတော့ အပိုင်းက တန်းလန်းကြီး တစ်ပိုင်းပြီးတစ်ပိုင်းထွက်တော့ ကိုယ်က ကြည့်တော့ဆက်တိုက်ကြည့်တာလေ အဲ့လို နှစ်ရက်သုံးရက်လောက်က အပြီးကြည့်တာဆိုတော့ ဆက်တငှတ်ငှတ်ကြီးနဲ့ မလာသေးဘူးလားလို့ မျှော်နေရတာကြီးကို မကြိုက်လို့ ဥထားတာ..” ဆိုပြီး ချစ်စဖွယ်လေး ပြောပြထားတာပါနော်..။

ဒီကနေ့လေးမှာတော့ သူမရဲ့(၂၀၂၀) အနုပညာအလုပ်တွေအကြောင်းနဲ့ “ဝင်္ကပါလမ်းမများ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့အကြောင်း ပြောပြထားတဲ့ ခေးလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Khin Wint Wah's Facebook
Photo Credit - Khin Wint Wah's Facebook

Photo Credit - Khin Wint Wah's Facebook & RBV Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။