ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူကတော့ စိတ်ထားလေးပြည့်ဝပြီး မာန်မာနကင်းမဲ့သူလေးဖြစ်လို့ ပရိသတ်တွေကသူမကိုပိုပိုပြီးချစ်နေရတာဖြစ်ပါတယ်။အခုချိန်ထိလည်း အေးမြတ်သူက အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း မိသားစုအပေါ်လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးနေတဲ့သမီးလိမ္မာလေးပါနော်။အခုဆိုရင်လည်း အားလပ်ရက်လေးမှာ ဖေဖေနဲ့မေမေ့ကိုအချိန်ပေးပြီး သားအမိသုံးယောက်ပျော်ရွှင်နေကြတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလာတာဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page

အေးမြတ်သူကတော့"အလုပ်တွေလုပ်ရင်း ....မိသားစုကို စိတ်ချမ်းသာအောင်ထားနိုင်နေလို့ ....မမြတ်လေး အလုပ် ကို အရမ်းတန်ဖိုးထားတယ်.... ခုချိန်ထိလည်း အဖေနဲ့အမေ က ကိုယ့်ထက်နုပျိုနေလို့ အမြဲစိတ်ချမ်းသာရတယ်ရှင့်...သားသမီးတွေ က မိဘ ကို ထောက်ပံ့ပြုစုခွင့်ရတယ်ဆိုတာ ကံအရမ်းထူး လို့ပါရှင့် မမြတ်လေးလည်း မိဘ ကို တိုက်ကြီးကြီးတွေ..ကားအကောင်းစားကြီးတွေနဲ့မထားနိုင်လို့ စိတ်ညစ်နေမယ့်အစား..စိတ်ချမ်းသာအောင်တော့ကြိုးစားပြီးထားပါတယ်။ချစ်ရသူတွေလည်း မိဘကို အများကြီးမထောက်ပံ့နိုင်လို့ စိတ်မကောင်းဖြစ်နေမယ့်အစား စိတ်ချမ်းအောင်ထားပေးမယ်ဆို မိဘတွေ က ပျော်ရွှင်နေပါပြီရှင့်

Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page

အဓိက ကတော့ သားသမီးတွေရဲ့ဂရုစိုက်ခြင်း ..အချိန်ပေးခြင်းတွေကိုသာ မိဘတွေက ပိုလိုချင်ကြတာပါ..အဖေနဲ့အမေကို ဒီထက်ပိုပြီးစိတ်ချမ်းသာအောင်ထားနိုင်တဲ့ သမီးဖြစ်ပါရစေ ချစ်ရသူတွေအားလုံးလည်း မိဘ ကို ပိုမိုစောင့်ရှောက်နိုင်သော သားသမီးများဖြစ်ကြပါစေရှင့်မိဘတွေမရှိကြတော့ဘူးဆိုလည်း ....ရည်စူးအလှူပြုကုသိုလ်တွေယူကြရင်း သိတတ်လိမ္မာသောသားသမီးများဖြစ်ကြပါစေရှင့်"ဆိုပြီး မိဘအပေါ်သိတတ်လိမ္မာတဲ့ အေးမြတ်သူက ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page

Photo Credit:Aye Myat Thu's Page

Source:Aye Myat Thu's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။