မင်းသမီးချောလေး မယ်လိုဒီကတော့ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တစ်ချိန်က မိန်းကလေးချင်းတောင်ငေးကြည့်ရလောက်တဲ့ အလှတရားတွေကိုပိုင်ဆိုင်ခဲ့တဲ့ မယ်လိုဒီက အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာတော့ အရင်ကထက်ပိုလှလို့လာတာ ဖြစ်ပါတယ်။ အရွယ်တင်နုပျိုလွန်းတဲ့ မယ်လိုဒီက တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားအတိုင်း ကိုက်ညီနေတာပဲဖြစ်ပါတယ်။

Photo Credit-Melody Myo's FB
Photo Credit-Melody Myo's FB

မယ်လိုဒီက သားလေးကိုပြုစုစောင့်ရှောက်ရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကိုလည်း ပုံမှန်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မယ်လိုဒီက "အဆိပ် Venom " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းဦး၊ ကျော်ထက်အောင်၊ မအေးသောင်း၊ နန်းဆုဦးတို့နဲ့အတူ ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မယ်လိုဒီနဲ့ ကျော်ထက်အောင်တို့က အသည်းယားစရာကောင်းတဲ့ Caption လေးတွေနဲ့အတူ နှစ်ယောက်ပုံလေးတွေကို တင်ထားကြပါတယ်။

Photo Credit-Melody Myo's FB
Photo Credit-Kyaw Htet Aung's FB
Photo Credit-Melody Myo's FB

ကျော်ထက်အောင်က " “မ” တစ်ချက်လေးစောင်းငဲ့ကြည့်အုံး “မောင်” " ဆိုပြီး ပုံလေးကိုတင်ထားသလို မယ်လိုဒီကလည်း " ယူတို့ရဲ့အစ်ကိုအောင်ကို တို့ရဲ့ချာတိတ်လို့ထင်နေတာလား ကြည့်နေတယ်နော် မီးမပိတ်သေးဘူး " ဆိုတဲ့စာသားလေးနဲ့အတူ ပုံတင်ထားတာ ဖြစ်ပါတယ်။ မယ်လိုဒီတို့နှစ်ယောက်ကတော့ ပရိသတ်တွေကိုရင်ခုန်အောင် စနောက်ကျီစယ်လိုက်ကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ထက်အောင်နဲ့ မယ်လိုဒီတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Kyaw Htet Aung's FB & Melody Myo's FB 

Photo Credit-Melody Myo's FB
Photo Credit-Melody Myo's FB
Photo Credit-Melody Myo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။