MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ(Week-1)ပွဲစဉ်များကို ဇန်နဝါရီလ ၁၄ရက်၊၁၅ရက်နှင့် ၁၆ရက်နေ့ တို့တွင် ကျင်းပသွားမည်ဖြစ်ပါတယ်။ ထိုပွဲစဉ်များကို အသင်းပေါင်း၂၀နှင့်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပဒုမ္မာကွင်း၊စလင်းကွင်း၊တက္ကသိုလ်ကွင်း၊ဗဟန်း(M-3)ကွင်း၊Y.U.S.C ကွင်း၊တောင်ဒဂုံကွင်းနှင့်မြက်ခင်းတုကွင်း(၁)တို့ တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ဇန်နဝါရီလ ၁၄ ရက် M-3 ကွင်းတွင် MFF Youth နှင့် ချင်းယူနိုက်တက်၊ စလင်းကွင်းတွင် ဧရာဝတီယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်၊တောင်ဒဂုံကွင်းတွင် ယောမြေ နှင့် ကချင်ယူနိုက် တက်၊ပဒုမ္မာကွင်းတွင် ဇွဲကပင်ယူနိုက်တက်နှင့် ရတနာပုံအသင်း၊ ဇန်နဝါရီလ ၁၅ရက်နေ့ စလင်းကွင်းတွင် ဆောက်သမ်းမြန်မာနှင့်ရန်ကုန်ယူနိုက်တက်၊တက္ကသိုလ်ကွင်းတွင် စစ်ကိုင်း ယူနိုက်တက်နှင့် ယူနီဗာစတီအသင်း၊Y.U.S.C ကွင်းတွင် ရခိုင်ယူနိုက်တက် နှင့် ချင်းလန်း အသင်း၊ ဇန်နဝါရီလ ၁၆ရက်နေ့ စလင်းကွင်းတွင် မောရဝတီ နှင့် ငွေကြယ်ပွင့်လေးများ အသင်း၊တောင်ဒဂုံကွင်းတွင် မကွေးနှင့် ISPE ၊ပဒုမ္မာကွင်းတွင် ဟံသာဝင်္တီယူနိုက်တက်နှင့် မြဝတီအသင်းတို့ အသီးသီးယှဉ်ပြိုင်သွားကြမည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1)ပွဲစဉ်တွင်လည်း ဘယ်အသင်းတွေက အနိုင်(၃) မှတ်ကို ရယူမလဲဆိုတာ ပရိသတ်တွေလည်း စိတ်ဝင်စားနေလောက်ပါပြီနော်..။ ပရိသတ်ကြီးကလည်း ၂၀၂၀ ခုနှစ်ရဲ့ ယူ- ၁၉ ပွဲစဉ်တွေကို သွားရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ(Week-1)ပွဲစဉ်ကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

Photo Credit - Myanmar National League

Source -Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။