အနုပညာလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုတွေများစွာရရှိလာသူကတော့ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ ကိုရီးယားမင်းသမီးလေးလို ဖြူဖွေးဝင်းမွတ်တဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတာကြောင့်လည်း မိန်းကလေးချင်းတောင် အားကျနေရတာပါ။ လတ်တလောမှာလည်း ကြော်ငြာလေးတွေ လက်ခံရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။  

Photo Credit - Thazin Htoo Myint's Facebook Page
Photo Credit - Thazin Htoo Myint's Facebook Page
Photo Credit - Thazin Htoo Myint's Facebook Page

မကြာသေးခင်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် Page လေးတစ်ခုနဲ့ ပရိသတ်တွေကို စတင်မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကတော့ အမြွှာညီအစ်ကိုတွေဖြစ်တဲ့ ဖြိုးပိုင်ညီညီ၊ မင်းခန့်ကို၊ အစ်ကိုဖြစ်သူ နေရဲတို့နဲ့အတူ သူတို့ရဲ့ အနုပညာလှုပ်ရှားမှု​ေတွကို တင်ဆက်ပေးသွားမယ့် " Dream Creat Do" ဆိုတဲ့ Facebook Page လေးပါ။ မနေ့ညကတော့ ဒီ Page လေးမှတစ်ဆင့် ဗီဒီယိုလေးတစ်ခုတင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo Credit - Thazin Htoo Myint's Facebook Page
Photo Credit - Thazin Htoo Myint's Facebook Page
Photo Credit - Thazin Htoo Myint's Facebook Page

ဒါကတော့ မကြာသေးခင်က မိသားစုနဲ့အတူ သွားရောက်ခဲ့တဲ့ သဇင်ထူးမြင့်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ Video လေးပါ။ ဒီဗီဒီယိုလေးထဲမှာတော့ ခရီးစဉ်အစမှာ ပြင်ဆင်ခဲ့ရပုံတွေနဲ့ အမှတ်တရလေးတွေကို ရိုက်ကူးတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Dream Creat Do's Facebook Page

Photo Credit - Thazin Htoo Myint's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။