ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ ရက်ပိုင်းက ပရိသတ်တွေနဲ့ လူမှုကွန်ယက်စာမျက်နှာမှာ လူပြောများ ဂယက်ထသွားတဲ့ စိတ်မကောင်းစရာ သတင်းလေးကတော့ နာမည်ကျော်ရုပ်ရှင်မင်းသမီးဖြစ်တဲ့ မေသန်းနု ငွေကြေးလိမ်လည်မှုနဲ့ ထောင်ကျသွားတဲ့ သတင်းပဲ ဖြစ်ပါတယ်နော်..။

မေသန်းနုကို ပြီးခဲ့တဲ့ ဇန်နဝါရီ(၂)ရက်နေ့က ငွေကြေးလိမ်လည်မှုကြောင့် အလုပ်နဲ့ ထောင်ဒဏ်(၁)နှစ်ချမှတ်လိုက်ရတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေနဲ့ အနုပညာရှင်တွေတော်တော်များများ မယုံနိုင်လောက်အောင် အံသြခဲ့ကြပြီး စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်နော်..။


Photo Credit - May Than Nu-Ma Sint’s Facebook
Photo Credit - May Than Nu-Ma Sint’s Facebook

မဆင့်အတွက် စိတ်မကောင်းဖြစ်ကြတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေထဲမှာ အနုပညာအလုပ်တွေကို အချိန်အတော်ကြာ အတူလက်တွဲလုပ်ဆောင်လာခဲ့ကြတဲ့ ရန်အောင်နဲ့ ခင်ဇာခြည်ကျော်တို့ကလည်း အပါအဝင်ပါပဲနော်..။

အခုလိုအလုပ်နဲ့ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အတွက် စိတ်မကောင်းစွာနဲ့ အားပေးစကားလေးတွေ ပြောထားကြပြီး မဆင့်အပေါ်နားလည်မှုလွဲနေကြတဲ့ ပရိသတ်တွေကို မဆင့်ကို မမုန်းကြဖို့လည်း ရန်အောင်က မေတ္တာရပ်ခံထားပါတယ်နော်..။


Photo Credit - Yan Aung’s Facebook

“ကျွန်တော်တို့ကတော့ မမြင်ချင်ဘူး မကြာချင်ဘူး ဖြစ်ပြီးသွားတော့လည်း အကောင်းဆုံးဖြစ်အောင် ဖြေရှင်းကြရမှာပေါ့ တစ်ခုရှိတာက လူဆိုတာက လောကဓံကို ခံစားကြရမှာပါပဲ အဲ့ဒီကိစ္စအတွက်နဲ့တော့ မဆင့်ကို မမုန်းသွားကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံချင်ပါတယ် လူဆိုတာက လူ့သဘာဝအတိုင်း ဖြစ်တတ်ကြတဲ့ ထုံးစံရှိတတ်ကြတဲ့အတွက် ဒီလိုပဲ ဖြစ်သွားတယ်လို့ သဘောထားပါ ပရိသတ်ချစ်တဲ့လူက အဲ့လိုဖြစ်သွားရတယ်ဆိုတော့ ပိုပြီးတော့ ရင်ထဲမှာ ခံစားရတာပေါ့လေ မဖြစ်စေချင်တဲ့ ဆန္ဒတွေလည်းရှိတာပေါ့လေ မဆင့်ကို မမုန်းပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျ..” ဆိုပြီး ရန်အောင်က ပြောပြထားသလို ခင်ဇာခြည်ကျော်ကလည်း “ကိုယ့်အစ်မတွေလိုနေတာဆိုတော့ အကုန်လုံးက တက်ညီလက်ညီလုပ်ရင်တော့ ကိုယ်လည်း တစ်တပ်တစ်အားတော့ ဝန်းရံပေးရမှာပေါ့.. ဘာမှစိတ်ဓာတ်မကျပါနဲ့ပေါ့နော် လောကဓံဆိုတာ တစ်နည်းမဟုတ် တစ်နည်းလူတိုင်းမှာ ဝင်တတ်ကြပါတယ် အဲ့ဒါကို ကြံ့ကြံ့ခံပြီး ရှေ့ဆက်ပြီးမမှားဖို့ ပြောချင်ပါတယ်..” ဆိုပြီး အားပေးစကားလေးလည်း ဆိုပါတယ်နော်..။

အခုလိုဖြစ်တဲ့ ကိစ္စမှာ ကာယကံရှင်တွေအသိဆုံးပဲမို့ စိတ်ထဲမှာ ခံစားရတာက ကိုယ့်အစ်မတစ်ယောက် ကိုယ်ညီမတစ်ယောက်က ဖြစ်ခဲ့ရင်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ကူညီကြဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားကြတဲ့ ရန်အောင်ရဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Yan Aung’s Facebook
Photo Credit - Yan Aung’s Facebook

Photo Credit - Yan Aung’s Facebook & May Than Nu-Ma Sint’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။