ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်ရဲ့သမီးချောလေး treasure ကတော့ ဒီနေ့လေးမှာဆိုရင် (၆)လပြည့်သွားပြီဖြစ်ပြီး မေမေ့ရဲ့ပြုစုစောင့်ရှောက်မှုတွေအောက်မှာ ကျန်းကျန်းမာမာနဲ့ လှလှပပလေးကြီးပြင်းလာပါတယ်နော်။Treasure လေးက ပါးဖောင်းဖောင်းလေးတွေနဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် အရုပ်မလေးနဲ့တူပြီး မေမေ့ရဲ့အမွေဖြစ်တဲ့ နှုတ်ခမ်းလှလှလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook

စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကတော့ သမီးလေးရဲ့အနာဂတ်အတွက်အလုပ်တွေလည်းကြိုးစားနေကြပြီး သမီးလေးကိုလည်း မွေးစကနေယခုအရွယ်ထိပိုးမွေးသလိုပြုစုစောင့်ရှောက်ပေးကြတဲ့ မိဘကောင်းတွေပါနော်။Treasure လေးကလည်းတစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာပြီး အရမ်းအသည်းယားစရာကောင်းလွန်းလို့ ဒီဒီးတို့ရဲ့အိမ်လေးကအရမ်းစိုပြေပြီး ပျော်ရွှင်စရာကောင်းပါတယ်။

Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook

အခုဆိုရင်လည်း မေမေဒီဒီးက သမီးလေးကို ပန်းသီးလေးကျွေးနေပြီး Treasureလေးကလည်း ပန်းသီးကိုလျှာလေးနဲ့တို့ကာအရမ်းကြိုက်နေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ကလည်း ပန်းသီးကိုကြိုက်နေတဲ့သမီးလေးကိုကြည့်ပြီး သဘောတွေကျနေကာ သမီးလေးနဲ့စကားတွေပြောနေတဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Sandy Myint Lwin's Facebook
Photo Credit:Sandy Myint Lwin's Facebook

Photo Credit:Sandy Myint Lwin's Facebook

Video Credit:Sandy Myint Lwin's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။